Kamarpale - Poem

အ ေ ဖ 
ကမာပုလဲ
ဇန္န၀ါရီ ၂၀၊ ၂၀၁၃

 
သမီးမ်က္လံုးအိမ္ထဲ
အဖေ့ရဲ့ မေတ္တာရိပ်တွေ
မျက်ရည်တွေဟာ ဖေဖေ့အတွက်
တမ်းတခြင်း အလွမ်းသီချင်းတွေ ...။

လှေတစင်းနဲ့ ပြန်မလာတော့မယ့် ပင်လယ်ဆီ
ရွက်လွှင့်သွားခဲ့ပြီ ...
ကမ်းပါးကလေး တခုလို တမ်းတကျန်ရစ်ခဲ့သူက သမီးပါ ...
လှိုင်းပုတ်သလို ...
မေတ္တာတရားနဲ့ နွေးထွေးမှုကို ကမ်းလင့် ရင်ခုန်နေဆဲ ...။

သမီးရဲ့ နဖူးပြင်နဲ့ ဆံနွယ်တွေမှာ
ဖေ့ဖေ့ ပခုံးဆီက ရနံ့
ပါးပြင်ပေါ်က သွေးကြောမျှင်တွေထဲ
ဖေဖေ့အချစ်တွေ ကဗျာအဖြစ် စီးခဲ့တယ် ...။ ။

Comments