ပြင်သစ် ဘာသာ လေ့လာစရာ (အပိုင်း ၂၊ ပထမပိုင်း)
ပါရီမောင်၊ ဇန်န၀ါရီ ၁၃၊ ၂၀၁၃ (အပတ်စဉ် တက်ဆက်မည်)
LESSON -2
ARTICLE Part ( 1 )
1 . Undefinate Article (Article indéfini) (အာ တိကလ် အန် ဒေးဖိ နိ ) ဟု ၂ မျိုး ခွဲနိုင် ။
( English နှင့် ယှဉ်၍ ရနိုင်ပါသည်။)
2 . Definate Article (Article défini) ( အာ တိကလ် ဒေးဖိ နိ )
1 . Undefinate Article (Article indéfini) မသိသေး၊ မဖေါ်ပြဘူးသေးသော ပစ္စည်းများ
( un , une , des ) အန် ၊ အယူးန် ၊ဒေ
အရာဝထ္တု တခု ( Noun ) သည် ယခင်က ပြောဆိုခြင်း မရှိခဲ့ သေးသည်ကို စတင်ပြောသည့် အခါ Article indéfini သုံးသည်။ အင်္ဂလိပ် နှင့် ယှဉ် ပြောရလျှင်
ဥပမာ - I have a car, the car is small.
ကျနော့်တွင်ကားတစီးရှိသည်။ ထိုကားသည် သေးသည်။
အထက်ပါ စာကြောင်း တွင် ကား အကြောင်း ကို အရင်ဆုံး ပြောသည့် အခါ car ရှေ့တွင်သုံးသော “ a ” သည် ” Article indéfini ” ဖြစ်ပြီး နောက် ထပ် ပြောဆိုသည့် အခါတွင် the ကို သုံးရသည်။ the မှာ Article défini ဖြစ်သည်။
အင်္ဂလိပ် ဘာသာတွင် car ဆိုသော ( noun ) သည် အထီး၊ အမ ခွဲခြား ခြင်း မရှိ၍ အစပထမ သုံးသည့် အခါ “ a ” ဖြင့် သုံးပြီး နောက် ပိုင်းတွင် ” the ” ဖြင့် သုံးစွဲသွားရမည်။ သို့သေည်လဲ ပြင်သစ်ဘာသာတွင် နာမ် အားလုံး သည် အဖိုနာမ်၊ အမနာမ် ဟု သတ်မှတ်ထားခြင်း များကို သိထားရပါမည်။
ယခု ( un , une , des ) သည် “ a ” ၏ နေရာတွင်သာ ရွေးချယ် သုံးစွဲ ရမည့် ” Article indéfini ” ဖြစ် ပါသည်။ ဖေါ်ပြ ပြောဆိုခြင်း မရှိဘူးသေးသော နာမ် ၏ ရှေ့တွင် ထား၍ သုံးရမည်။
မည်သို့ရွေချယ်မည်နည်း ဟုဆိုသော် …..
Dictionary တွင်ကြည့်လျှင်
Car = voiture , n,f ဟုတွေ့မည် ။ ( dictionary တွင်ကြည့်ပြီး စာလုံးသိရုံနှင့် ပြင်သစ်ဘာသာ တွင် မပြီးပါ ၊ ဆက်ကြည့်ရပါမည်။ ဘေးတွင် n , f ဆိုတာတွေ့မည် ။ အဓိပ္ပါယ် မှာ Noun ၊ féminine ဖြစ်သည်။
ထို့ကြောင့် ” ကား ” ကို ပြင်သစ်လို ” voiture ” ဗွား ကျူး ဟုသိရုံနှင့် မရပဲ သာမန် သိသင့်သော အရာဝထ္တု ဖြစ့်သည့် နာမ်” Nom ” ဆိုတာအပြင် “ feminine” အမကိန်း ဖြစ်သည် ဟု ပုံသေ မှတ်ရပါမည် ။
မပြီးသေးပါ ကား အကြောင်း ဆက်ပြောနေသမျှ ကားကို ” သူမ ” ဟု သုံးစွဲနေရမည်ဖြစ်၍ နာမဝိသေသန Adjective ( adjectif )၊ နာမ်စား Pronoun(Pronom) များအားလုံး ကို သုံးစွဲတိုင်း အမကိန်း “ féminine” ဖြင့်သာ သုံးရပါမည်။
( un , une , des ) ကို ပြန်ဆက် ပါမည် ။
un - သည် masculine ဖြစ်သော အဖို နာမ် အတွက် ၊ singular (singulier ) အနဲကိန်း သုံးရန်
une - သည် ဖြစ်သော féminine အမ နာမ် အတွက် ၊ singular (singulier ) အနဲကိန်း သုံးရန်
des - သည် ၂ မျိုးလုံး အတွက် plural ( pluriel ) အများကိန်း သုံးရန်
ပေးထားသောလင့်နှင့် တွဲဖက်လေ့လာပါ။ အသံမှန်အောင် လေ့ကျင့်ပါ
ထို့ကြောင့် နာမ်နှင့် အာတီကယ် တွဲသောအခါ ......
Une voiture - (အယူးန် ဗွားကျူး) ( ကားတစီး ) a car
Un sac - (အန် ဆာ့ခ်) (အိတ် တလုံး) a bag
Un livre - (အန် လိ ဗ် ရ်) ( စာအုပ် တအုပ် ) a book
Une moto - ( အယူးန် မို တို) ( ဆိုင် ကယ် တစီး ) a motobike
Des sacs - ( ဒေ ဆာ့ခ် ) ( အိတ်များ ) bags/the bags
Un vélo - ( အန် ဗေလို) ( စက်ဘီးတစီး) a bicycle
Un ordinateur - ( အန် နော်ဒီနာတာ) (အသံဆက်သည်) ကွန်ပြူတာတလုံး a computor
Un supermarché – (အန် ဆူပါ မတ်ရှေး) (ကုန်တိုက်တခု) a supermarket
ပြင်သစ်အသံထွက်တွင် အများစုမှာ နောက်ဆုံး မှစာလုံးအသံ မထွက်ရပါ ။ des ကို ဒက်စ် ဟုမထွက်ရပါ ၊ " ဒေ " ဆိုသည့် အသံ အတိအကျ ဖြစ်ပါသည် ။
အထက်ပါ နည်းဥပဒေသများအရ …..
Un voiture n/fကားသည် အမြဲတမ်း အမ ဖြစ်သဖြင့် un နှင့် မတွဲရပါ
Une sac n/ m နာမ် / အဖိုနာမ်
Une livre n/m နာမ် / အဖိုနာမ်
Un moto ဟူ၍ ဘယ်သော အခါမှ မရှိစေရတော့ပါ ။ မှန်ကန်သော Article ကို မသုံးစွဲလို့ပါ။
Des marchés – (ဒေ မားရှေး )( ဈေးများ) နောက်ဆုံး မှစာလုံးအသံ မထွက်ရပါ ၊
Des ဟူသောအများကိန်း သုံးသည့် အသံကို စကြားလိုက်ပြီဆိုကတဲက ဈေးများ ဟု ဖြစ်သော အများကိန်း သုံးသည်ကို ချက်ချင်း သိရပါမည်။ ထို့အပြင် marchés နှင့် marché တို့သည် အသံ အတူတူပင် ဖြစ်သောကြောင့် သဒ္ဒါ သိမှ မှန်ကန်စွာ ရေးနိုင်ပါမည်။သဒ္ဒါတတ်မှသာ နာမ်၏ရှေ့တွင်သုံးသော article ကို သီရှိပြီး အဖိုနာမ်၊ အမနာမ်၊ အနည်းကိန်း၊ အများကိန်း ဟုခွဲခြား သိနိုင်ပေလိမ့်မည်။
နာမ်များ ရှေ့တွင်သုံးသော Article အာတိကယ် လ် များကို un , une တွေ့ရုံဖြင့် အထီး၊အမ ဟု၎င်း၊ des တွေ့ လျှင် အထီး(သို့) အမ နာမ် အများကိန်းဟု ၄င်း မှတ်သားပေးပါရန်
အပိုင်း ( ၂ ) ဆက်ပါမည်
Comments