MoeMaKa on Amazon - Ashin Witra Thu, Guilty Side of Burmese Regime


မိုးမခ၏ အမေဇုန်အွန်လိုင်း အီးဘုတ်အစီအစဉ် - အရှင်ဝီရသူ၏ သမိုင်းတရားခံ စာအုပ်ကို အီးဘုတ်အဖြစ် တင်ဆက်
မိုးမခစာအုပ်စင်၊ ဇန်န၀ါရီ ၂၇၊ ၂၀၁၃
၂၀၁၃ နှစ်ဆန်းက စတင်ပြီး မိုးမခက ထုတ်ဝေခဲ့တဲ့ အီးဘုတ်တွေ၊ ပုံနှိပ်စာအုပ်တွေကို Amazon Online E-Book Kindle စတိုးမှာ အီးဘုတ်အသွင်ပြောင်း ထုတ်ဝေတင်ဆက်နေပါတယ်။ အဲသည်မှာ ဒီတခါမှာတော့ ဆရာတော် အရှင်ဝီရသူရဲ့ သမိုင်းတရားခံ စာအုပ်ကို အီးဘုတ်ဗာရှင်းထုတ်လိုက်ပါပြီ။ အခု ပရိုမိုးရှင်းအဖြစ် လက်ရှိ ၅ ရက်အတွင်း Amazon account ရှိသူများ အခမဲ့ ဒေါ့င်းလုပ်ပြီးတော့ သူတို့တွေရဲ့ i-Pad, Tablet, Androids, i-Phone က Kindle App မှာ ဖတ်ရှုသိမ်းဆည်းထားနိုင်ပါတယ်။
မိုးမခရဲ့ အမေဇုန်အွန်လိုင်း အီးဘုတ်အစီအစဉ်ရဲ့ အဓိကရည်ရွယ်ချက် ကတော့ မြန်မာဘာသာဖြင့် စာအုပ်များကို အွန်လိုင်းဝက်ဆိုက်ကြီးများဖြစ်တဲ့ Amazon, Google, Apple တို့မှာ တရားဝင်မှတ်ပုံတင်ထားပြီး အဖိုးနှုန်းချိုသာတဲ့ အီးဘုတ်များအဖြစ် တင်ဆက်ထားခြင်း၊ အလွယ်တကူ ရှာဖွေနိုင်ခြင်း၊ မြန်မာဘာသာစာအုပ် စုဆောင်းတင်ဆက်တဲ့ စာကြည့်တိုက်များအတွက် ရည်ညွှန်းစရာ နေရာတခု ဖြစ်လာစေလိုခြင်းတို့ ဖြစ်ပါတယ်။ မြန်မာစာအုပ် စုဆောင်းဖတ်ရှုလိုသူများအတွက်ကလည်း အင်တာနက်စနစ်၊ မိုဘိုင်းကိရိယာ၊ ဖုံးစသည်တို့ဖြင့် ကိုယ်ပိုင်မြန်မာစာအုပ်စင်တခု စနစ်တကျ ထူထောင်လာနိုင်ပါတယ်။
လက်ရှိ သတ်မှတ်ထားတဲ့ စာအုပ်ဈေးနှုန်းက အနိမ့်ဆုံးဖြစ်ပြီး အမေဇုံရဲ့ အွန်လိုင်းဝန်ဆောင်မှု ကုန်ကျစာရိတ်ကို ကာမိရုံပဲ ရှိပါတယ်။

Comments