Oakland Karen Community celebrate new year





ကရင်နှစ်သစ်ကူး ဆန်ဖရန်ဘေးဧရိယာ ဥက္ကလံမြို့ ကရင်မိသားစုများကျင်းပ
ကျော်နိုင်၊ ကျော်လှမြိုင်၊ မိုးမခဓာတ်ပုံသတင်း၊ ဇန်န၀ါရီ ၁၃၊ ၂၀၁၃
ကရင်သက္ကရာဇ် (၂၇၅၂)ခုနှစ် ပြာသိုလဆန်း(၁)ရက်နေ့ ၊ ၂၀၁၃ ခုနှစ် ဇန္န၀ါရီလ(၁၂)ရက်နေ့ တွင် ကရင်နှစ်သစ်ကူးနေ့  အခမ်းအနားကို အမေရိကန်နိုင်ငံ ကာလီဖိုးနီးယားပြည်နယ် ဆန်ဖရန်စစ္စကိုဗေးဧရိယာ ဥက္ကလံမြို့ တွင် စည်းကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါသည်။



            ကရင်ရိုးရာယဉ်ကျေးမှု အမွေအနှစ်များကို ဖေါ်ထုတ်ထိန်းသိမ်းမြှင့်တင်ရေး၊ အနာဂတ်မျိုးဆက်သစ်များကို လက်ဆင့်ကမ်း အမွေပေးရေး၊ ကရင်တမျိုးသားလုံး စုစည်းညီညွတ်မှု ခိုင်မာရေး စသည်တို့ ကို အဓိကရည်ရွယ်၍ ကရင်နှစ်သစ်ကူးနေ့ အခမ်းအနားကို ကျင်းပခဲ့ပါသည်။






 ထိုကရင်နှစ်သစ်ကူးနေ့ အခမ်းအနားတွင် ပရိတ်သတ်ပေါင်း ခုနှစ်ရာနီးပါးကို မုန့် ဟင်းခါး၊ တိုင်းရင်းသား ရိုးရာအစားအစာများဖြင့် ဖွယ်ဖွယ်ရာရာ တည်ခင်းဧည့်ခံကျွေးကာ ဆန်ဖရန်စစ္စကိုအခြေစိုက် ကရင်တိုင်းရင်းသားအဖွဲ့ အစည်းများနှင့်တကွ၊ အခြားအဖွဲ့ အစည်း အသီးသီးမှ အနုပညာဝါသနာရှင်များမှလည်း ၀ိုင်းဝန်းအားဖြည့် ကူညီကြပါသည်။













(ဓာတ်ပုံများကို သည်မှာ ကြည့်ပါ)        https://plus.google.com/photos/102177718573631844176/albums/5833151157560062785

Comments