Questioning on RFA Burmese administration - Online Petition


အာရ်အက်ဖ်အေမြန်မာပိုင်း အလွဲသုံးမှုများကို စုံစမ်းရန် လက်မှတ်ထိုးကင်ပိန်းပြုလုပ်
မိုးမခအထောက်တော် ၀၀၂၊ ဇန်န၀ါရီ ၂၂၊ ၂၀၁၃
Burma Media Watch ဆိုတဲ့အမည်နဲ့ အဖွဲ့က အထက်ပါခေါင်းစဉ်အတိုင်း RFA (Burmese Service) အုပ်ချုပ်မှုအပိုင်းရဲ့ အလွဲသုံးမှုများကို စုံစမ်းစစ်ဆေးပါရန် တောင်းဆိုတဲ့ လက်မှတ်ထိုးလှုပ်ရှားမှုကို စတင်လိုက်တာ တွေ့ရပါတယ်။
သူတို့အဓိကပြောတာကတော့ ဌာနတွင်း လူမှုရေးဆိုင်ရာ အရေးအခင်းတခုကို တိုင်ကြားတင်ပြသူများအနက်က သတင်းထောက်ဝန်ထမ်း ၅ ဦးကို သိပ်မကြာမီမှာပဲ အကြောင်းအမျိုးမျိုးပြပြီး ရာထူးက ထုတ်ပစ်ခဲ့တယ်။ တိုင်ကြားတဲ့ လူမှုရေးဆိုင်ရာအရေးအခင်းနဲ့ ပတ်သက်ပြီး ဘာမှ ထုတ်ပြန်တာမရှိခဲ့ဘူး။ ဌာနတွင်းမှာလည်း အလွဲသုံးစားမှုတွေ ရှိနေတယ်ဆိုပြီး စွတ်စွဲထားပါတယ်။ အဲသည် လက်မှတ်ရေးထိုးတိုင်ကြားမှုကို အောက်လွှတ်တော်အမတ် Dana T. Rohrabacherဦးဆောင်တဲ့ လွှတ်တော်တွင်း စုံစမ်းစစ်ဆေးရေးကော်မရှင်ကို ဦးတည် တိုင်ကြားတာဖြစ်ပါတယ်။
လက်ရှိ လက်မှတ်ထိုးသူများက ထောက်ပြချက်တွေကတော့ အထက်ပါ အလွဲသုံးမှုတွေဟာအမေရိကန်ပြည်ထောင်စုရဲ့ အခွန်ထမ်းနိုင်ငံသားများကို စော်ကားရာရောက်တယ်၊ ထို့အပြင် အမေရိကန်ပြည်ရဲ့ အာဘော်ကို အလေးထား နားဆင်သူ ရေဒီယိုပရိသတ်များကိုလည်း အလေးမထား ကျောခိုင်းသလို ဖြစ်နေတယ်လို့ ထောက်ပြထားပါတယ်။

            သည်နေရာမှာ သွားရောက်ပြီး လက်မှတ်ထိုးမှုကို ဆောင်ရွက်နိုင်ပါတယ်။
            

Comments