ဒေါ်အောင်ဆန်းစုကြည် ကိုရီးယားသို့ ချောမောစွာ ရောက်ရှိ
ဓာတ်ပုံသတင်း၊ ဇန်န၀ါရီ ၂၈၊ ၂၀၁၃ (ဒေါ်အောင်ဆန်းစုကြည် ကိုရီးယားခရီးစဉ် ပူးပေါင်းဆောင်ရွက်မှုကော်မီတီ သတင်းထုတ်ပြန်ချက်)
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ကိုရီးယားနိုင်ငံသို့ ယနေ့ညနေ ၆း၃၀ တွင် အင်ချွန်း နိုင်ငံတကာလေဆိပ်သို့ ချောမောစွာ ဆိုက်ရောက်လာပါသည်။
ည ၈း၀၀ နာရီတွင် ဆိုးလ်မြို့ ဂျိုဆောန်ဟိုတယ်သို့ ရောက်ရှိလာရာ မြန်မာနိုင်ငံသား တိုင်းရင်းသားများ၊ ကိုရီးယား အခြေစိုက် မြန်မာအဖွဲ့အစည်း အသီးသီးတို့က ရိုးရာဝတ်စုံများဖြင့် သောင်းသောင်းဖျဖျ ကြိုဆိုကြရာ ဒေါ်အောင်ဆန်းစုကြည်ကလည်း ကြိုဆိုသူများကို လှိုက်လှဲဝမ်းသာ နှုတ်ခွန်းဆက်ခဲ့ပါသည်။
ဒေါ်အောင်ဆန်းစုကြည်သည် မနက်ဖြန်မှ စ၍ စီစဉ်ထားသည့် ခရီးစဉ်နှင့် တွေ့ဆုံမှုများကို လုပ်ဆောင်မည် ဖြစ်ပြီး၊ ဖေဖော်ဝါရီ ၁ ရက်နေ့တွင် မြန်မာနိုင်ငံသားများနှင့် တွေ့ဆုံပွဲ ကျင်းပမည် ဖြစ်သည်။
(ဒေါ်အောင်ဆန်းစုကြည် ကိုရီးယား ခရီးစဉ် ပူးပေါင်းဆောင်ရွက်မှု ကော်မတီ သတင်းထုတ်ပြန်ချက်၊ ဓာတ်ပုံ)
Comments