ဇေယျသုခ ဘုန်းတော်ကြီးကျောင်း တိုးချဲ့ ဝယ် မြေကွက်အတွက် အလှူရှင်များ တိုက်တွန်းနှိုးဆော်လျက်ရှိ
မိုးမခအထောက်တော် (အမာရီလို)၊ ဇန်န၀ါရီ ၂၉ ၊ ၂၀၁၃
အမေရိကန်ပြည်ထောင်စု တောင်ဖက်ခြမ်း တက္ကဆက်ပြည်နယ် အမာရီလိုမြို့ တွင် မြန်မာတိုင်းရင်းသားပေါင်းစုံတို့ မှ စုပေါင်းတည်ထောင်ထားရှိသည့် ဇေယျသုခ ဓမ္မရိပ်သာ မြန်မာထေရ၀ါဒ ဘုန်းတော်ကြီးကျောင်း၏ တိုးချဲ့ ဝယ်ယူခဲ့သည့် မြေကွက် ၂ ဧကခန့်  အကျယ်ဝန်းအတွက် စေတနာရှင် အလှူရှင်များ ပါဝင်လှူဒါန်းနိုင်ရန် တိုက်တွန်းနှိုးဆော်လျက်ရှိကြောင်း သတင်းရရှိသည်။
အဆိုပါ တိုးချဲ့ မြေ ၂ ဧကခန့် မှာ လွန်ခဲ့သည့် ၂၀၁၂ ခုနှစ် ဇွန်လတွင် လာအိုခြံပိုင်ရှင်တဦးဆီမှ ဒေါ်လာ တစ်သိန်းတသောင်းကျော်ဖြင့် ငါးနှစ်ပေးချေစနစ်ဖြင့် မြန်မာထေရ၀ါဒ ဗုဒ္ဓဘာသာအသင်းနာမည်နဲ့ ဝယ်ယူထားခဲ့ပြီး ၄င်းတိုးချဲ့ မြေ ၂ ဧကထဲတွင် ကျောင်းထိုင်ဆရာတော် လက်ရှိ သီတင်းသုံးနေထိုင်တော်မူနေသည့် အလျား ၇၆ ပေ၊ အနံ ၁၈ ပေခန့် ရှည်လျားသည့် ကျောင်းဆောင်တလုံးနှင့် ဓမ္မာရုံအဖြစ်အသုံးပြုထားသည့် အလျား ၃၀ ပေ၊ အနံ ၄၀ ပေခန့် ရှည်လျားသည့် အဆောက်အအုံတလုံးပါဝင်ကြောင်း သိရှိရသည်။
ဘုန်းကြီးကျောင်း တိုးချဲ့ မြေ၀ယ်ယူခဲ့ရခြင်း ရည်ရွယ်ချက်နဲ့ ပတ်သက်၍ ” ရှေ့ လာမယ့် အနာဂတ် ကာလတွေမှာ မျိုးဆက်သစ် ကျောင်းသားလူငယ် မောင်မယ်များအတွက် ပညာရိပ်သာခန်းမဆောင် တည်ဆောက်ပြီးတော့ အမျိုးဘာသာ သာသနာနှင့် ရိုးရာယဉ်ကျေးမှုအမွေအနှစ်များကို လက်ဆင့်ကမ်းအမွေပေးနိုင်ဖို့ ရယ်၊ လူကြီးများအတွက် တရားရိပ်သာခန်းမဆောင် နှင့် မြန်မာကွန်မြူနတီ စင်တာခန်းမ အစရှိတဲ့ ခန်းမဆောင်များ တည်ဆောက်နိုင်ရေးအတွက် ဒီ တိုးချဲ့ မြေကွက်ကို ၀ယ်ယူထားခဲ့တာပါ။ လောလောဆယ်မှာတော့ ဆပ်စရာကျန်နေတဲ့ ဒီကျောင်းမြေ အကြွေးတွေကို ဦးစွာပထမ ကျေအောင်ဆပ်နိုင်ကြဖို့ ပါ” ဟု ဇေယျသုခ ဓမ္မရိပ်သာ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တနန္ဒ၀ံသက မိုးမခသို့ မိန့် တော်မူသည်။
ယခင် နှစ်ကာလများက စီစဉ်ကျင်းပခဲ့သည့် တရားသဘင်ပွဲများနှင့် လရာသီ အလိုက် ရိုးရာယဉ်ကျေးမှု ဘာသာရေးပွဲတော်များတွင် အဆိုပါတိုးချဲ့ မြေကွက်၌ ယာယီမဏ္ဍများထိုးကာ နေပူဒဏ် နှင့် နှင်းလေအေးဒဏ်တို့ ကြားမှ အဆင်ပြေချောမွေ့ အောင်မြင်အောင် ကြိုးစားစီစဉ်ဆောင်ရွက် ကျင်းပခဲ့ကြရကြောင်း သိရသည်။
ယခုကာလသည် အမေရိကန်ပြည်ထောင်စုတွင် ပြည်သူများ တနှစ်တာ ပေးဆောင်ထားသည့် အခွန်ငွေများကို အစိုးရမှ ပြန်လည်ရှင်းတမ်းထုတ်ပေးနေသည့် ကာလဖြစ်သည့်အတွက် စေတနာ့ရှင် အလှူ့ ရှင်များကို ဒေသခံ ဗုဒ္ဓဘာသာ တိုင်းရင်းသားများကိုသာမက နိုင်ငံနဲ့ အ၀ှမ်း ဗုဒ္ဓဘာသာဝင်များကိုပါ အလျား အနံ ၁၅ ပေ ပတ်လည်း မြေတကွက်ကို ဒေါ်လာ သုံးရာ (၃၀၀) နှုန်းထားဖြင့် အကျိုးမျှော် နှိုးဆော် တိုက်တွန်းလျက်ရှိကြောင်းလည်း သိရသည်။
ဆက်သွယ်လှူဒါန်းနိုင်သည့် ဖုန်းနံပါတ်များ နှင့် အီမဲလ်လိပ်စာများမှာ
အရှင်နန္ဒ၀ံသ > +806-290-8017
> ashinnandavamsa@gmail.com
ဦးညီညီလွင် > +806+3168+441
> nyithura2010@gmail.com
ဦးကျော်ဝေစိုး > +806+881+8310
> kyawwaisoe@gmail.com
ဦးထွန်းတင် > +806+340+8705
> tuntinaung9@gmail.com
> ashinnandavamsa@gmail.com
ဦးညီညီလွင် > +806+3168+441
> nyithura2010@gmail.com
ဦးကျော်ဝေစိုး > +806+881+8310
> kyawwaisoe@gmail.com
ဦးထွန်းတင် > +806+340+8705
> tuntinaung9@gmail.com
Comments