Aung Way - Long March for Peace in Burma


ငြိ မ်း ချ မ်းေ ရး ခ ရီး ရှ ည် ချီ တ က် ေ န သူ မ် ာ း သို  ့ ( ၁ )
အောင်ဝေး၊ ဖေဖော်ဝါရီ ၇၊ ၂၀၁၃

ရဲဘော်တို့ -

ရဲဘော်တို့ ကို
ကြံ့ဖွတ်အစိုးရ အာဏာပိုင်တွေက
ရောက်ရာ အရပ်မှာ
ခံဝန် လက်မှတ်တွေ
ထိုးခိုင်းနေတယ်။

ဒါပေမဲ့
ဒီလူတွေ
ရဲဘော်တို့ ကို
“ခံဝန် ခြေမှတ်“ တော့
ထိုးခိုင်းလို့ မရဘူး။

ဆက်သာလျှောက် ရဲဘော်တို့ ။

အခု
မုံရွာကလည်း
ချီတက်လာနေပြီ။

ဆက်လျှောက်။

လိုင်ဇာမှာ တပ်ပေါင်းစုံမယ်။      ။

အောင်ဝေး
(ဗမာနိုင်ငံကဗျာဆရာ)

ဖေဖော်ဝါရီ ၆-၂၀၁၃။

Comments