Family sending appeal to President for their arrested policemen


မအူပင်ရဲစခန်းက တပ်ဖွဲ့ဝင်လေးဦးအတွက် ၄င်းတို့၏မိသားစုဝင်များက နိုင်ငံတော် သမ္မတကြီးထံ အသနားခံစာ ပေးပို့
ဟင်္သာတမီဒီယာအဖွဲ့၊ မအူပင်၊ ဖေဖော်ဝါရီ ၉ ။
            ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့ရဲစခန်းတွင် တာဝန်ထမ်းဆောင်နေသော ရဲတကက ဇော်မြင့်ဦး နှင့် ရဲတသ (၃)ဦးတို့ဟာ ပြစ်မှုကို ကျူးလွန်မှု မရှိပါပဲနှင့် စခန်းမှူးရဲအုပ် သိန်းဝင်း၊ တာဝန်မှူး ဒုရဲအုပ်ဇော်မင်းဦး တို့ရဲ့ အပြစ်ပုံချမှုကြောင့် မတရားပြစ်ဒဏ်ချမှတ်ခံခဲ့ရကြောင်း သိရှိရပါသည်။
(၉၊ ဒီဇင်ဘာ ၂၀၁၂)ရက်နေ့ မနက် (၃း၀၀) ခန့်တွင် အချုပ်ခန်းကင်းစောင့်ကျသူ အလှည့်ကျ ကင်းသား ရဲတသ စိုးမိုးထွန်းသည် အချုပ်ကျတရားခံ (၃) ဦးထံမှ ငွေ (၁၀)သိန်း ပေးမည်ဟု ကတိရသဖြင့် အချုပ်ခန်းသော့ကို ဖွင့်ပြီး လွတ်ပေးခဲ့ပါသည်။ ယင်းဖြစ်စဉ်ကြောင့် ထိုနေ့က ကင်းမှူးတာဝန်ကျသူ ရဲတကက ဇော်မြင့်ဦး နှင့် ရဲတသသ (၃) ဦးကို အပြစ်ပုံချကာ အလုပ်ထုတ်ပယ်၊ ထောင်ဒဏ် (၁) နှစ် ပြစ်ဒဏ်ချမှတ်ခဲ့ပါသည်။ ရဲတသ စိုးမိုးထွန်းက အပြစ်ရှိလို့ ပြစ်ဒဏ်ခံရတာ မဆန်းပေမယ့် ရဲတက ဇော်မြင့်ဦး အပါအ၀င် တပ်ဖွဲ့ဝင် (၄) ဦးက အပြစ်မရှိပဲ ပြစ်ဒဏ်ကျခံရတာ ဖြစ်ကြောင်း သိရှိရပါသည်။
ဤဖြစ်စဉ်တွင် ကင်းမှူးကင်းသားများ အချုပ်ခန်းသော့ မကိုင်ရပဲ သော့နှစ်ချောင်းကို တာဝန်မှူးက တစ်ချောင်း၊ စခန်းမှူးက တစ်ချောင်း ကိုင်ရကြောင်း၊ အမှူ့စစ် ဒုရဲအုပ် ဇော်မင်းဦးက သော့ကို တာဝန်မှူးလက်ထဲ ပြန်မအပ်ပဲ စားပွဲပေါ်လက်လွတ်စပယ် တင်ထားခဲ့ကြောင်း၊ သော့မရှိပဲ ရဲတသ စိုးမိုးထွန်းက တရားခံတွေကို လွတ်ပေး၍ မရကြောင်း သိရပါသည်။
“ဆရာကြီး ဇော်မြင့်ဦးက မတရားခံရတာပါ၊ အောက်က ရဲတသ နဲ့ အထက်က တာဝန်မှူး၊ အမှူ့စစ် စခန်းမှူးတွေ မကောင်းလို့ ဖြစ်တာ၊ ဒီလောက် အေးပြီး တာဝန်ကျေတဲ့ ဆရာကြီးကို ၀ိုင်းပြီး မတရားလုပ်တာ၊ စခန်းမှူးမိန်းမက သူ့င်္ယောကျားလွတ်ဖို့အတွက် သိန်း (၃၀) လောက် ကုန်သွားတယ်လို့ ပြောတယ်၊ အပြစ်တွေကို ဆရာကြီး ဆီ ပုံချလိုက်တာလေ” ဟု ရဲအသိုင်းအ၀ိုင်း နှင့် နီးစပ်သူတစ်ဦးက ပြောဆိုပါသည်။ မတရားခံရတဲ့ ရဲတပ်ဖွဲ့ဝင် လေးဦးရဲ့ မိသားစုဝင်တွေက နိုင်ငံတော် သမ္မတကြီး နှင့် ပြည်ထဲရေးဝန်ကြီး ထံသို့ လိပ်မှုပြီး အသနားခံစာပေးပို့ တိုင်ကြားထားကြောင်း၊ ယခု အချိန်ထိ ဘာမှ ထူးခြားမှု မရှိသေးကြောင်း သိရှိရပါသည်။

Comments