ဖြစ်ချင်သူများ
ဆောင်းလူ
ဖေဖော်ဝါရီ ၁၉၊ ၂၀၁၃
ကျွန်ဖြစ်တဲ့သူ ဖြစ် ….
နွံနစ်တဲ့သူ နစ် ….
…..
….
ခေတ်ကြီး ..
မနေ့ကထိတော့
သူဟာ သူထား
အကောင်းတိုင်းကြီးလိုလိုနဲ့ ….။
နာနေကျတရား
ထပ်များ နာရဦးမလား …
ပါနေကျ စကား
ထပ်များ ပါရဦးမလား ….
….
….
ခေတ်က … စနစ်ကို မှီ
စနစ်က … ခေတ်ကိုချီ …
ကိုင်းကပဲ ... ကျွန်းဆီလား ...
ကျွန်းကပဲ ... ကိုင်းဆီလား ...
….
….
ရွှေရည်စိမ်ခေတ်ကြီး
အမနာပ
နွံနစ်ချင်သူတွေ ...
ကျွံဖြစ်ချင်သူတွေနဲ့ …
လှလို့ ...။
Comments