မြန်မာ့ဂန္ထဝင်စာပေ၏ အနာဂတ် - အပိုင်း (၁)
သန်းဝင်းလှိုင်
ဖေဖော်ဝါရီ ၂၀၊ ၂၀၁၃
သန်းဝင်းလှိုင်
ဖေဖော်ဝါရီ ၂၀၊ ၂၀၁၃
တဖန်အရေးအသားပုံစံ အားဖြင့်ခွဲခြားသော်လင်္ကာနှင့်စကားပြေ ဟူသောပုံစံနှစ်ရပ်လုံးပါဝင် ပြန်သည်။ ထိုမျှသာမက လက်ရှိကမ္ဘာ့စာပေ များ၌ပိုင်းခြားသကဲ့သို့  ဝတ္ထုစာပေများရှိသည့်နည်းတူ ဝတ္ထုမဟုတ်သော စာပေဟူ၍ပိုင်းခြားသကဲ့သို့  ဝတ္ထုနှင့်ဝတ္ထုမဟုတ်သောစာပေ တို့ လည်းဂန္ထဝင်စာပေများ ရှိသည်။
တဖန် အချိန်ကာလဖြင့်သတ်မှတ်ပါမူဂန္ထဝင်သည် ရှေးကျသော၊အများလက်ခံသော၊တည်တံ့ခိုင်မြဲသော၊အခါသိမ်းအမှန်တရားတို့ နှင့်နီး စပ်သော၊ကောင်းမွန် ပြောင်မြောက်သော ဂုဏ်ရည် များရှိသဖြင့်အချိန်ကာလနှစ်ပရိစ္ဆေဒတို့ ကိုဖြတ်ကျော်၍ရပ်တည်သောသဘောကို လည်းဆောင်ပါ သည်။
သို့ သော်ဂန္ထဝင်မြောက်မမြောက်ကိုတိုင်းတာရန်အတွက်ပုံသေနည်းမရှိသလို စတုတ် တိုက်ချရန်လည်းမဖြစ်နိုင်ပါ။တစ်စုံတစ်ရာသော အခွင့်အာဏာဖြင့် သတ်မှတ်၍ တည်တံ့စေခြင်းငှာလည်း လုပ်ဆောင်၍ မရပါ။ဂန္ထဝင်ဟူ၍သတ်မှတ်ကြသည့်အဓိကအချက်မှာစာဖတ်သူ အများစုတို့ ဧ။် သဘောမျှခြင်းနှင့်လက်သင့်ခံခြင်းဟူသော အကြောင်းနှစ်ရပ်သာဖြစ်သည်ဟုဆိုရပေမည်။
● ဂန္ထဝင်အသုံးအနှုန်း
၂၀၀၈ခုနှစ်တွင်မြန်မာစာအဖွဲ့ ကဒုတိယအကြိမ်တည်းဖြတ်ပုံနှိပ်ထုတ်ဝေသော”မြန်မာအ ဘိဓါန်”၌ ဂန္ထဝင်၏အဓိပ္ပါယ်ကို ခေတ်အဆက်ဆက် မှတ်တမ်းတင်ခံရသော စာပေဟူ၍ သာမန် အနက်ဖွင့်ထားသော်လည်းမြန်မာ့ကျမ်းများတွင် ဂန္တန္တရ၊ဂန္တဗ္ဗ ဟူသောမူရင်းအဓိပ္ပါယ်နွယ်သည့်အသုံးအနှုန်းများစွာရှိပါသည်။အမှန်အားဖြင့် ”ဂန္တဝင်” ဟူသောဝေါဟာရသည်ပါဠိသက်ပါဠိပျက်သာဖြစ်ပါသည်။ပါဠိ”ဂန္တ+ဝံသ” မှဆင်းသက်ကြောင်း၊’ဂန္တ’ သည်ကျမ်းဂန်ဟုအနက်ရ၍ ၊’ဝံသ’သည်အစဉ်ဟုအဓိပ္ပါယ်ရကြောင်းရှင်းလင်းပြိးဂန္တဝင်ကို စာပေသမိုင်း၊ကျမ်းဂန်သမိုင်း၊ သမိုင်းဝင်စာပေဟူ၍ ဖွင့်ဆိုကြသည်ကို တွေ့ ရသည်။
ယင်းအသုံးအနှုန်းနှင့်ဆက်စပ်နှီးနှောသောအသုံးအနှုန်းတို့ ၌”ဂန္ထာရမ္ဘမျိုးသုံးပါး”ဟူသောကျမ်းစာရေးမှုပြုစုရာ၌စတင်အားထုတ်မှုသုံးပါးတွင်(၁)ပဏာမပုဗ္ဗကဂန္ထာရမ္ဘ- ရတနာသုံးပါးကို ရှိခိုးခြင်းအစထား၍အားထားမှု (၂) အာသီသပုဗ္ဗကဂန္ထာရမ္ဘ- မိမိလိုရာကိုတောင့်တမှုတွင်ရှေ့ သွားရှိသောအားထုတ်မှု (၃) ဝတ္ထုပုဗ္ဗကဂန္ထာရမ္ဘ- ဖြစ်ရပုံဝတ္ထုကြောင်းနိဒါန်းကိုရှေးဦးပြု၍ အားထုတ်မှုဟူ၍ ခွဲခြားဖော်ပြထားသည်။
ဂန္ထဝင်သည‘ဝင်ကိုးဝင်’ဟူသောကျမ်းစုတွင်မပါရှိချေ။ဝင်ကိုးဝင်တွင်ဗုဒ္ဒဝင်၊မဟာဝင်၊ရာဇဝင်၊အနာ ဂတဝင်၊ဓါဌာဓါတုဝင်၊ဒီပဝင်၊ထူပဝင်၊ဗောဓိဝင်၊သာသနာဝင် တို့ ကိုသာတွေ့ ရသည်။ ပါဠိသက် ဝေါဟာရအဘိဓါန်တွင် ဆရာဒဂုန်ဦိးထွန်းမြင့်က ဂန္ထ-ကျမ်းဂန်ဟူ၍အနက်ပေးထားသည်။အကိုးအကားပြရာတွင်- ” လောကသာရ၊ကျမ်းဂန္ထ၌၊ဓမ္မရသာ၊လင်္ကာဖြင့်”[လောကသာရပျို့ ဆုံးမစာ ၄၇။(ပါ၊ဂန္ထ)]ဟူ၍ဖော်ပြထားသည်။
● ဂန္ထဝင်=စာပေသမိုင်း၊ကျမ်းဂန်သမိုင်း
”သူဧ။်…..အဘိဓါန်ပေါ်ထွက်သောအခါ အင်္ဂလိပ်ဂန္ထဝင်တွင်ကျော်ထင်အံ့အဲခဲ့၍ သူအမည်သည် လည်းစာပေသမိုင်း၌ လှိုင်းဂယက် ရိုက်ခဲ့ပေသတည်း” လူရည်ချွန်၊ဒုတိယတွဲ၊စာမျက်နှာ-၁ ကိုညွှန်းပြီးလျှင်(ပါဠိ၊ဂန္ထဝံသ။ကျမ်းဂန်၊ဝံသ၊အစဉ်)ဟူ၍အနက်တို့ ကိုဖွင့်ဆိုထားပါသည်။
တဖန်ပါဠိသက်ဝေါဟာရဧ။်အခြားခေါင်းတည်ပုဒ်တစ်ခုတွင်-ဂန္ထာရမ္ဘ=ကျမ်းဦးပမာဏ၊ကျမ်းဦိးအစချီစကား။”အန္တရာယ်ကင်းခြင်း၊အသက်ရှည်ခြင်း အစရှိသော အကျိုးဧ။်ပြီးခြင်းငှာ လည်းကောင်း၊ သူတော်ကောင်းတို့ အားပီတိသောမနó ပွားစိမ့်သောငှာလည်းကောင်း၊ဂန္ထာရမ္ဘသုံးပါးတို့ တွင်ဗုဒ္ဒါနုó တိစသည်တို့ ။[တောင်ငူဆိုရတုအဖြေ ၂၃။(ပါ၊ဂန္ထရမ္ဘ၊ဂန္ထ-ကျမ်းဂန်၊အာရမ္ဘ-အားထုတ်ခြင်း။)
တဖန်အခြားခေါင်းတည်ပုဒ်တစ်ခု၌- ဂန္ထန္တရ=ပါဠိတော်အဋ္ဌကထာဋီကာ အနုမဓုလက်သန်းဂဏ္ဍိတို့ မှတစ်ပါး ပိဋကတ်နှင့်ဆိုင်သော ကျမ်းဂန်များဟူ၍ဖေါ်ပြထားသည်။
အထက်ပါအဆိုအမိန့် တို့ ကိုကိုးကား၍ ဆင်ခြင်ကြံဆပါက”ဂန္ထဝင်” သည်အနက်အားဖြင့်ကျမ်းဂန်အစဉ်အဆက်ကိုပြသောကျမ်းဟုအဓိပ္ပါယ်ရ၍၊ စံထားအပ်သောအနှစ်သာရများပါရျိသည့်ကျမ်းဟုဆင့်ပွားအနက်ဖြင့်ဆိုလိုရာရောက်သည်။ထို့ ပြင်ခိုင်မြဲတည်တံ့၍၊အကျိုးတစ်စုံတစ်ရာသက်ရောက်မှုရျိသောစာပေဟူသောသဘောအဓိပ္ပါယ်ရပေသည်။
ဂန္ထဝင်ကိုအနောက်တိုင်းစာပေဝေါဟာရဖြင့် Classic ဟူ၍ သုံးနှုန်းကာ Classic ကိုဂန္ထဝင်စာပေ၊ဂန္ထဝင်မြောက်ဟူ၍ပြန်ဆိုကြသည်။Classic သည် Classicus ဟူသော လက် တင်ဝေါဟာရမှဆင်းသက်ကြောင်း၊ရှေးခေတ်ရောမနိုင်ငံတွင်ငွေကြေးဥစ္စာအလိုက်လူတန်းစားခွဲ
ခြားရာ၌အချမ်းသာဆုံး၊ထိပ်တန်းလူတန်းစားကိုထိုဝေါဟာရဖြင့်ခေါ်ဝေါ်သုံးနှုန်း၍တဖန်ထိပ်တန်းစာပေရေးသူ၊ထိပ်တန်းစာဆို၊ထိပ်တန်းစာပေ၊စာကြီးပေကြီးဟူသောအဓိပ္ပါယ်ဖြင့်ထိုဝေါဟာရကို သုံးစွဲခဲ့ကြကြောင်းပညာရျင်တို့ ကရှင်းလင်းဖွင့်ဆိုကြ သည်။
ကမ္ဘာ့စာပေသမိုင်းတွင်ဂန္ထဝင်စာပေနှင့်စပ်လျဉ်း၍အမေရိကန်စာရေးဆရာမော်တီမာဂျေ၊အက်ဒလာ(Dr. Mortimar J. Adler)ဧ။်”Great Ideas from the Great Books”(စိတ်ကူးစိတ် သန်းကြီးများ၊စာကြီးပေကြီး)အမည်ရှိစာအုပ်တွင်-”ဂန္ထဝင်စာပေခေါ်စာကြိးပေကြီးတို့ မည်သည်အမြင်ကျယ်စေရန်၊သဘောပေါက်စေရန်၊ဥာဏ်အမြင်ရှိစေရန်အတွက်လူတို့ ဧ။်အကောင်းဆုံးစိတ်ကူးစိတ်သန်းဖြင့်ရေးသားထားသည့်အချက်များပါဝင်သည်။ထိုစာများသည်တစ်အုပ်ချင်း၊တစ်ပိုဒ်ချင်းအားဖြင့်လူတို့ ရင်ဆိုင် နေရမြဲပြသနာများကိုဖေါ်ပြပေးနိုင်ကြသည်။ထိုပြသ၁နာများဆိုသည်မှာမည်သည့်အခါမျှအပြီးအပြတ်ဖြေရှင်းနိုင်သောကိစ္စများမဟုတ်တတ်ကြသဖြင့်ထိုစာအုပ်များကဥာဏ်ပညာဖြင့်ဆင်ခြင်မှုအစဉ်အလာကိုဖြစ်စေသည်။ကားလ်ဗင်ဒိုင်းရင်းဆိုသူက’ စာမည်ကြီိးပေကြီးမည်သည်မှာ နောက်တစ်ကြိမ်ပြန်ရေးသားရန်မလိုသောစာပေမျိုးဖြစ်ကြောင်းပြောပြဖူးသည်။အစဉ်သဖြင့်ရှားပါး၍ပြည့်ဝသောလက်ရာမွန်များဖြစ်သည်။လှပ၍ရှင်းလင်းသောလက်ရာများဖြစ်၍အနုအယဉ်နှင့်လွတ်လပ်သောအတွေးအမြင်ပညာကိုဆောင်သည် ဝိဇ္ဇာပညာရပ်များလည်းပါဝင်သည်။ ထိုကြောင့် သိပ္ပံအကြောင်းအရာ ဖြစ်စေ၊ကဗျာဖြစ်စေ၊ ဘာသာရေးအတွေးအခေါ်ဖြစ်စေ ၊နိုင်ငံရေးဖြစ်စေ ၊သချာင်္ဖြစ်စေ၊ စာကြီးပေကြီးခေါ်ဂန္ထဝင်စာရင်းဝင်ဖြစ်နိုင် သည်။ စာကြီးပေကြီိးတို့  မူကားဖြစ်ထွန်းရာ ကာလ ဒေသ ကို ကျော်လွန် ပါသည်။ ထို့ ကြောင့် ကမ္ဘာ့ဂန္ထဝင်စာပေစာရင်းဝင်ခဲ့ရသည်။ သို့ သော်ဂန္ထဝင်စာပေ ဖြစ်စေရန်အချိန်ကညလကဖန်တီးခြင်းမဟုတ်၊စတင်ရေးသားစဉ်ကပင်ဖြစ်ခဲ့ပြီးသည်။ ခေတ်အဆက်ဆက် ဖတ်ရှုနိုင်ကြခြင်းက စာကြီးပေကြီးဂန္ထဝင်စာပေဂုဏ်ပုဒ်ကိုသက်သေထူရာ ရောက်သည်” ဟူ၍ဖေါ်ပြထားသည်။
ထို့ ပြင်အမေရိကန်စာရေးဆရာမတ်တွိန်း(Mark Twain)ကလည်း”ဂန္ထဝင်စာပေမည်သည် မှာလူတိုင်းကဖတ်ဖူးချင်သောစာအုပ်မျိုးဖြစ်ပြီး၊မည်သူမျှယူ၍မဖတ်ချင်သောစာအုပ်မျိုး”ဟုတကြိမ်ကဆိုခဲ့ ဖူးပါသည်။ ဖတ်ဖူးလိုသည်မှာ ပွင့်လင်းသော ပညာကို ရရှိရန်အတွက် ဆန္ဒပေါ်ပေါက်ခြင်းဖြစ်သည်။သို့ သော်စဉ်းစားတွေးခေါ်ရသည်မှာလည်းကိုယ်စိတ်ပင်ပန်းစရာအကြောင်းရှိသောကြောင့်ဖြစ်သည်။
ဂန္ထဝင်စာပေတို့ ကိုဖတ်ရသည်မှာမလွယ်လှပေ။တစ်ကြိမ်ဖတ်ရုံဖြင့်ရှင်းလင်းစွာသဘောမပေါက်တတ်အကြိမ်ကြိမ်ဖတ်မှသာနှံ့ စပ် ကျွှမ်းကျင်နိုင်သည်။ ဥာဏ်မမီစရာ ကိစ္စမျိုးဖြစ်သော ကြောင့်အကြိမ်ကြိမ်ဖတ်သင့်ပေသည်။အကြိမ်ကြိမ်ဖတ်မှလည်းအကျိုးရှိမည်။လောကတွင်ကောင်းမွန်သော အရာအားလုံးတို့ နည်းတူပင်ရတောင့် ရခဲသဘောရှိသည်။ စာဖတ်သူ အားစဉ်းစားခြင်း၊စူးစမ်းခြင်း၊ဆွေးနွေးခြင်းတို့ ကိုပြုစေနိုင်သည်။ ထိုသို့  ဖတ်ရင်းဖြင့် မိမိတို့ ၌ဝေဖန် ပိုင်းခြားတတ် သောစိတ်ကိုဖွံ့ ဖြိုးစေပြီးလျှင်လက်ခံပြီိးသားအယူလွဲ၊အကောက်လွဲကိစ္စတို့ ရှိပါက စောကြောစရာဖြစ်စေနိုင်သည်” ဟုဆိုထားသည်။
ဂျေ၊အေ၊ကပ်ဒွန်(J.A.Cuddon)ဧ။် A Dictionary of Literary Terms (စာပေဝေါဟာရများ အဘိဓါန်)တွင်Classicနှင့်(ဂန္ထဝင်)ဧ။်အနက်ကိုဖွင့်ဆိုရာ၌-
(က)ပထမအဆင့်သို့ မဟုတ်အာဏာပိုင်(Authority)ဖြစ်သည်။
(ခ)စာပေနှင့်စပ်ဆိုင်သည်၊သို့ မဟုတ်ရောမနှင့်ဂရိခေတ်အနုပညာများနှင့်စပ်ဆိုင်သည်၊
(ဂ)ပထမတန်းစားစာရေးသူ၊သို့ မဟုတ်ပထမတန်းစားစာပေလက်ရာဖြစ်ပြီးယေဘုယျအားဖြင့် ကောင်းမွန် သာလွန်ခြင်း(Excellence)ကိုအသိအမှတ်ပြုခံရသည်ဟူ၍ဖေါ်ပြထားပါသည်။
ယင်းနောက်ဆက်လက်ဖွင့်ဆိုရာတွင်မူလ A Scriptor Classicus သည်အထက်တန်းလွှာတို့ အတွက်ရေးသားပြုစုခဲ့ခြင်းဖြစ်၍ Scriptor Proletarius မှာအောက်တန်းလွှာတို့ အတွက်ရေး သားပြုစုခဲ့ခြင်းဖြစ်သည်။တစ်စတစ်ဖြင့်အဓိပ္ပါယ်ပြောင်းလဲလာရာရောမလူမျိုးတို့ အတွက် Classic ဟူသောအသုံးအနှုန်းသည်ပထမတန်းစာရေးသူဟူ၍ဆိုလိုသဘောပေါက်လာခဲ့ကြသည်။အလယ်ခေတ်ဥရောပတိုက်၌မူ စာအရည်အသွေး၊ အကောင်းအဆိုးမှာ ပဓါနမဟုတ်ဘဲ စာသင်ခန်းထဲတွင်လေ့ လာဖတ်ရှုခံရသောစာရေးဆရာကိုဆိုလိုသည်။ အလယ်ခေတ်နောက်ပိုင်း ရီနေဆန်းခေတ် (ခရစ်နှစ် ၁၃၅၀ခန့် မှ ၁၆၀၀ပြည့်လွန်ခန့်အထိ)တွင်ဂရိနှင့်လက်တင်ဘာသာမှ ကျမ်းကြီးကျမ်းခိုင် များကိုသာထိုစာရင်းတွင် သွင်း၍ အလေးထားခဲ့ကြသည်။
ထို့ ကြောင့်ဂန္ထဝင်စာပေသည်ခေတ်ကာလအသုံးအနှုန်းများတွင်-
(၁)ပထမတန်းစားသို့ မဟုတ်ထူးခြားထင်ရှားသည်၊
(၂)ရှေးကျသည်၊
(၃)ထုံးမီစမျှ(Typical)ဖြစ်သည်ဟူသောအသုံးအနှုန်းတို့ ဖြင့် သုံးနှုန်းသောသဘောကိုဆောင်ရာရောက် သည်ဟုဆို လိုပါသည်။
ဂန္ထဝင်မြောက်သော(Classical)ဟူသည့်နာမဝိသေသနအသုံးနှုန်းမျာကမ္ဘာ့ဂန္ထဝင်တွင် ဂရိနှင့်ရောမခေတ်တို့ နှင့်ဆိုင်သော တစုံတရာကိုညွှန်းလေတိုင်း”အကောင်းဆုံး”ဟူသောအနက်အဓိပ္ပါယ်ဆောင်သလိုစံပြုနည်းမှီးဖွယ်ဖြစ်သည်ဟုလည်း ဆိုလိုရိပ်ပါဝင်သည်။ထို့ ပြင် ယင်းစာပေလက်ရာသည် စီစဉ်တကျ ဖြစ်သည်။ ပေါင်းစည်းညီညွတ်သည်။အတိုင်းအရှည်ရှိသည်။ရှေ့နောက်မျှတသည်။ထိန်းသိမ်းစောင့်စည်းသည်ဟူသော အရည်အချင်းဖြင့်ပြည့်စုံသည်ဟုလည်းဆိုထားသည်။
ထို့ ပြင်ပြင်သစ်အက်ဆေးဆရာမွန်တိန်း(Montaigne)(၁၅၃၃-၁၅၉၂)ကလည်း”ဂန္ထဝင်ဆိုတာဘာ လဲ”(What is Classic)အမည်ရှိစာတမ်းတစ်ခုတွင်-”ဂန္ထဝင်လက်ရာတစ်ခုသည်သုံးရိုးစွဲရိုးအဓိပ္ပါယ်ဖွင့်ဆိုချက်အားဖြင့်ချီးမွမ်းခြင်းဖြင့်လေးစားဂုဏ်ပြုခံရသော စာရေးဆရာကြီးဖြစ်ပြီး သီးခြားဟန်ပန်ဖြင့် တစ်ဘာသာ ရေးသားသူဖြစ် သည်။ထိုအဓိပ္ပါယ်ဖြင့်ပင်Classic(ဂန္ထဝင်)ဟူသောအသုံးအနှုန်းသည်ထိုက်တန်၍ထင်ရှားသောစာရေးဆရာကို ဆိုလိုသည်”ဟူ၍ဖေါ်ပြထားသည်။
အထက်တွင်ဖေါ်ပြပါ ဖွင့်ဆိုချက်များနှင့် သုံးနှုန်းဖေါ်ပြချက်များကို ထောက်၍ဂန္ထဝင်စာပေဟူ သည်မှာအောက်ပါ အဓိပ္ပါယ်အရိပ်အဆင်နှင့် သဘောသဘာဝတို့ ကိုဆောင်သည် ဟုကောက်ယူလိုပါသည်။ယင်းတို့ မှာ-
(၁)ရှေးကျသောအရေးအသားဖြစ်သည်၊
(၂)ခိုင်မာအသားကျစံထားလောက်သောအရေးအသား လက်ရာဖြစ်သည်၊
(၃)စကားပြေ၊လင်္ကာနှစ်မျိုးအကျုံးဝင်သည်၊
(၄)စာပေ ရသပေါ်လွင်သောအရေးအသားဖြစ်သည်၊
(၅)လူရေးလူမှုနှင့်အသိအလိမ္မာဥာဏ်ပညာကိုစေ့ဆော်ပွားများစေသောသဘောရှိသည်၊
(၆)လူ့ စရိုက်သဘာဝကိုပေါ်လွင်အောင်ဖွဲ့ ဆိုထားသောလက်ရာဖြစ်သည်၊
(၇)အချိန်ကာလတစ်ခုခုနှင့်ယှဉ်၍တည်တံ့ခိုင်ခံ့သောစာပေလက်ရာဖြစ်သည်၊
(၈)အတွေ့ အကြုံ၊အတွေးအခေါ်တို့ ဖြင့်ရင်းနှီးဆည်းပူး၍ရေးသားထားသောစာပေဖြစ် သည်၊
(၉)လောကတွင်အခါခပ်သိမ်းမှန်ကန်တတ်သောအချက်များပါဝင်နေတတ်သည်၊
(၁၀)ဂန္ထဝင်စာပေ၌ကျဉ်းမြောင်းသောနယ်နိမိတ်ဘောင်မရှိတစုံတရာသောအခွင့်အာဏာဖြင့်ဆုံးဖြတ်သတ်မှတ်ရခြင်းမရှိ၊အချိန်ကာလရင့်ညောင်းသည့်တိုင်အလိုအလျောက် ဖတ်ရှုလက်ခံလေ့လာကြရသောစာပေမျိုးတွင်အကျုံးဝင်သည်၊
(၁၁)တခါတရံတခုကောင်းအရည်အသွေးကိုအစွဲပြု၍ ပြောစမှတ်ြပုရသော လက်ရာဖြစ် သည်။
(ဆက်လက်ဖေါ်ပြပါမည်)
Comments