Dental Implant Surgery and Hands-on Course next month


ခေတ်သစ်သွားစိုက်နည်းပညာ သရုပ်ပြသင်တန်း လာရောက်ဖွင့်လှစ်မည်
မိုးမခရွာဆော်ကြီး၊ သြဂုတ် ၁၆၊ ၂၀၁၃
လာမယ့် စက်တင်ဘာ ၈ ကနေ ၁၅ တပတ်တာ၊ နေ့စဉ် သင်တန်းနဲ့ အမေရိကန်က ခေတ်သစ်သွားစိုက်နည်းပညာကို မြန်မာပြည်က သွားဆရာဝန်တွေအား လာရောက် သရုပ်ပြသင်ကြားပေးမယ်လို့ ဆန်ဖရန်အခြေစိုက်၊ သွားဆရာဝန် ဒေါက်တာမောင်မောင်သော်က စီစဉ်နေပါတယ်။
သူရဲ့ လုပ်ငန်းအမည်က RT Oral Care (USA) ဖြစ်ပြီး ရန်ကုန်က Aung Yadana Hospital (ဝေဇယန္တာလမ်း၊ သင်ကန်းကျွန်း) ဆေးရုံမှ စာတွေ့ လက်တွေ့ သရုပ်ပြသင်ကြားမယ်လို့ သိရပါတယ်။ အထွေထွေကုန်ကျစာရိတ်အတွက် စိတ်ဝင်စားသူ ဆရာဝန်တဦးလျင် အမေရိကန်ဒေါ်လာ ၁၀၀ ဆီ ၀ိုင်းဝန်းထည့်ပေးဖို့ပဲ လိုတယ်လို့ ဒေါက်တာမောင်မောင်သော်က ပြောပါတယ်။
အသေးစိတ်ကို သူရဲ့ စာမျက်နှာမှာ ရေးထားတာ ဖတ်ရှုနိုင်ပါတယ်။

Comments