နိုင်ဦးညို (ဖိုးဇီးရိုး) - ဟေ့ကောင် ... ပါးစပ်ပိတ်ထား

ဟေ့ကောင် ... ပါးစပ်ပိတ်ထား
နိုင်ဦးညို (ဖိုးဇီးရိုး)
နိုဝင်ဘာ ၁၆၊ ၂၀၁၃




ဟုတ်ကဲ့ကျနော်
ဟေ့ကောင်
ပါးစပ်ပိတ်ထား၊

ဟုတ်ကဲ့ကျနော်
လက်ပံတောင်း
…………….
ဟေ့ကောင်
ပါးစပ်ပိတ်ထား၊

ဟုတ်ကဲ့ကျနော်
မီးလောင်ဗုံး
…………….
ဟေ့ကောင်
ပါးစပ်ပိတ်ထား၊

ဟုတ်ကဲ့ကျနော်
မြစ်ဆုံ
……………
ဟေ့ကောင်
ပါးစပ်ပိတ်ထား၊

ဟုတ်ကဲ့ကျနော်
မိတ္ထီလာ
……………
ဟေ့ကောင်
ပါးစပ်ပိတ်ထား၊

ဟုတ်ကဲ့ကျနော်
ခင်ဝင့်ဝါ
……………
ဟေ့ကောင်
ပါးစပ်ပိတ်ထား၊

ဟုတ်ကဲ့ကျနော်
မိုးစက်ဝိုင်
……………
ဟေ့ကောင်
ပါးစပ်ပိတ်ထား၊

ဟုတ်ကဲ့ကျနော်
သခင်လှကြိုင်
……………
ဟေ့ကောင်
ပါးစပ်ပိတ်ထား၊

ဟုတ်ကဲ့ကျနော်
မေမြတ်မွန်
……………
ဟေ့ကောင်
ပါးစပ်ပိတ်ထား၊

ဟုတ်ကဲ့ကျနော်
မီတာခ
…………
ဟေ့ကောင်
ပါးစပ်ပိတ်ထား၊

ဟုတ်ကဲ့ကျနော်
နှစ်ထောင့်ရှစ်
…………
ဟေ့ကောင်
ပါးစပ်ပိတ်ထား၊

……………
ဟေ့ကောင်
ပါးစပ်ပိတ်ထား၊

အေး
ငါတို့အားလုံး
မအားဘူးကွ
ငြိမ်ချမ်းရေး

လုပ်နေတယ်၊  ။။။။