အဆိုတော် တူးတူး ၅၀ပြည့် ဂီတစင်မြင့်ပွဲတော် အောင်မြင်
ရန်နောင်(ဗိုလ်တထောင်)၊ ဖေဖော်ဝါရီ ၁၊ ၂၀၁၄
အဆိုတော် တူးတူး၏အသက်ငါးဆယ်ပြည့်ရွှေရတုအထိမ်း အမှတ်နှင့်
ဂီတသက်တမ်း နှစ်သုံးဆယ်ပြည့် အမှတ်တရ စင်မြင့်ဖျော်ဖြေပွဲကို ရန်ကုန်မြို့
မြို့မကျောင်းလမ်းရှိ အမျိုးသားဇာတ်ရုံတွင် ဇန်န၀ါရီ ၃၀ နေ့က ကျင်းပပြုလုပ်ခဲ့သည် ။
"ကျွန်တော် သီချင်းပုဒ်ရေ လေးဆယ်ေ လာက်တော့ဒီညဆိုဖြစ်မယ်ထင်ပါတယ်။ ကျွန်တော်ရှေ့လမှာ ကိုယ်ပိုင်သံစဉ် အသစ်တခွေထုတ်ဖို့ ရှိပါတယ် ။ ဒီညမှာလည်း 'ဆန္ဒ' နဲ့ 'စကားတခွန်း' ဆိုတဲ့သီချင်းအသစ်နှစ်ပုဒ်လည်း ဆိုပါမယ် ဟု အဆိုတော် တူးတူးက ပြောကြားခဲ့သည်။
အဆိုတော် မေခလာမှလည်း 'ချစ်ငယ်က မောင်လေးကိုလာအားပေးတာပါ
၊ တူးတူးသီချင်းတွေ ပြန်လည်သီဆိုတာကို ကြိုဆိုပါတယ်' ဟု ဆိုသည်။
လာရောက်ကြည့်ရှုသော ပရိသတ် အမျိုးသမီးတစ်ဦးက "တူးတူးသီချင်းတွေက ရင်ကိုအေးမြေ စတယ်ကွယ်၊ မမတို့က ငယ်ငယ်ကတည်းက သိပ်ကြိုက် တာ။ သူ့သီချင်းတွေက အခုခေတ်ပေါ်စကားနဲ့ဆို 'ဟတ်ထိ' တယ်ေ ပါ့" ဟု သူ့ခံစားချက်ကို ပြောခဲ့သည်။
ည ( ၈ ) နာရီတိတိတွင် THE ACES အဖွဲ့၏ ဒရမ်ရိုက်ချက်သံပြင်းပြင်းနှင့်အတူ 'အချစ်ရဲ့ရုပ်သေး သီချင်း' ဖြင့်ဖျော်ဖြေပွဲအားစတင်ဖွင့်လှစ်ခဲ့သည် ။ ယခုညအစီအစဉ်ကို FORD ကားကုမ္ပဏီနှင့် PREMIER COFFEE တို့ မှ အဓိက ပံ့ပိုးကူညီသည် ။
ဗစ်တာခင်ညို ၊ခိုင်ထူး ၊ဂျေမောင်မောင် ၊ချစ်ကောင်း၊ အက်စကဲနက့်၊ ကော်နီ နှင့်ဟေမာနေဝင်းတို့ ကူညီသီဆိုပေးခဲ့သည် ။ တူးတူး၏ စင်မြင့်အပြင်အဆင်ကို နေမျိုးဆေးမှ ပြုလုပ်ပေးခဲ့ပြီး ပွဲဖြစ်မြောက်ရေးအတွက် အစအဆုံးကူညီပေးသူမှာ စိုးနိုင်ထွန်း (အီကြာကွေး ) ဖြစ်သည် ။ အဝတ်အစားများကို အမေရိကားမှ မသန္တာက ပေးပို့ပေးခဲ့ပါသည် ။
မွေးနေ့ကိတ်ကို အနုပညာ မောင်နှမများဖြစ်ကြသော ချစ်ကောင်း ၊ဟေမာနေဝင်း ၊အနဂ ၊သံသာဝင်း ၊ဂျေမောင်မောင် ၊မေဆွိ ၊အက်စကဲနက် ၊ THE ACES အဖွဲ့တို့နှင့်အတူ တူးတူး၏ဇနှီးချော ပင်ကီပါဝင်ကာ တူးတူးနှင့်အတူ ကိတ်ကိုလှီးခဲ့ကြသည်။
တူးတူးနှင့် THE ACES အဖွဲ့၏ဖျော်ဖြေမှုကို ည( ၁၂ ) နာရီတွင်အဆုံးသတ်ခဲ့ပါသည်။ THE ACES အဖွဲ့တွင် လိဒ်ဂစ်တာ ပက်ထရစ် ၊ဘေ့စ်
ဆလိုင်းဇာလျန်း ၊ ကီးဘုတ် ကျော်သက်နိုင် ၊ ဒရမ်ပတ်ကားရှင်း စိုင်းသာဌေး တို့က တီးခတ်ပေးခဲ့ကြသည်။