Kyaw Thu - FFSS Yangon Activity,


နာရေးကူညီမှုအသင်း (ရန်ကုန်) ၏ တတိယခြေလှမ်း
မတ်လ ၁၅၊ ၂၀၁၄


နာရေးကူညီမှုအသင်း(ရန်ကုန်)၏ သုခအလင်း ပညာဒါနကျောင်းဆောင် သစ်အား ၁၇.၃.၂ဝ၁၄ (တနင်္လာနေ့)၊ နံနက် (၉းဝဝ) နာရီအချိန်တွင် စတင် ဖွင့်လှစ်၍ နွေရာသီအင်္ဂလိပ်စာ (ရေး၊ ဖတ်၊ ပြော) သင်တန်းများ၊ တက္ကသိုလ်ဝင်တန်း (ဘာသာစုံ) သင်တန်း၊ ပန်းချီသင်တန်း၊ ဟိုတယ် ဝန်ဆောင်မှုသင်တန်း၊ စာရင်းကိုင်သင်တန်း၊ ကွန်ပျူတာသင်တန်း၊ သတင်း နှင့် စာနယ်ဇင်းသင်တန်း၊ ရုပ်သံရိုက်ကူးရေးသင်တန်း၊ ခေါင်းဆောင်မှုဆိုင် ရာသင်တန်း၊ စီမံခန့်ခွဲမှုဆိုင်ရာသင်တန်း၊ ဆရာအတတ်သင် စွမ်းရည်မြှင့် သင်တန်း၊ ရှေးဦးသူနာပြုစုနည်းသင်တန်း၊ အရေးပေါ်ကယ်ဆယ်ရေးသင် တန်း၊ ယဉ်ကျေးလိမ္မာသင်တန်း၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ဓါတုဆေးလျော့ချရေး (သဘာဝဆပ်ပြာဆီ + ခေါင်းလျှော်ရည်) ပြုလုပ် နည်းသင်တန်း၊ လူမှုရေးမျိုးဆက်သစ်သင်တန်းများ အပါအဝင် နယ် ပရဟိ တ အသင်းအဖွဲ့များအား စွမ်းရည်မြှင့်သင်တန်းများ ဖွင့်လှစ်မည့်အပြင် လူငယ်များအတွက် ဆို၊ က၊ ရေး၊ တီး ပညာရပ်များကိုပါ ထပ်မံတိုးချဲ့၍ (အခမဲ့) သင်ကြားပို့ချပေးမည့် "သုခအလင်း ပညာဒါနကျောင်း" ဆောင်သစ် ဖွင့်ပွဲ အခမ်းအနားသို့ ကြွရောက်ချီးမြှင့်ကြပါရန် လေးစားစွာဖြင့် ဖိတ်ကြား အပ်ပါသည်။

- နာရေးကူညီမှုအသင်း(ရန်ကုန်)