Passing of Ko Aung Kyaw Myo (Myo Lay)

ကိုအောင်ကျော်မျိုး (မျိုးလေး) ကွယ်လွန်
မိုးမခ၀မ်းနည်းမှတ်တမ်း၊ ဧပြီ ၃၊ ၂၀၁၄
မိုးမခစာနယ်ဇင်းအဇွဲ့၏ မိတ်ဆွေ၊ နည်းပညာထောက်ကူသူတဦးဖြစ်တဲ့ ကိုအောင်ကျော်မျိုး (မျိုးလေး)၊ ခေတ္တ နယူးဒေလီ၊ အိန္ဒိယ၊ မတ်လကုန်က ကွယ်လွန်ခဲ့ကြောင်း ကြားသိရတဲ့အတွက် ကျန်ရစ်သူမိသားစုနဲ့ထပ်တူ ၀မ်းနည်းကြောင်း တင်ပြအပ်ပါတယ်။
ကိုအောင်ကျော်မျိုး (မျိုးလေး) ဟာ မိုးမခရဲ့ ၀က်ဆိုက်နဲ့ စာမူများအတွက် စုတုပြုဆိုင်ရာ အလုပ်များကို တတ်စွမ်းသမျှ ၂၀၀၅ ခုနှစ်ကတည်းက ကူညီဆောင်ရွက်ပေးခဲ့ပါတယ်။ မြန်မာအင်တာနက်ဝက်ဆိုက်တွေရဲ့ ပထမဦးဆုံး ယူနီကုတ်(နီးပါး) ဖောင့်တမျိုးဖြစ်တဲ့ BIT ဖောင့်နဲ့ မိုးမခ၀က်ဆိုက်ကို ပြင်ဆင်ပေးခဲ့ပါတယ်။ ကိုအောင်ကျော်မျိုးနဲ့ မိတ်ဆွေများ ထူထောင်ခဲ့တဲ့ Burma Information Technology နဲ့ Myanmar ISP ၀က်ဆိုက်အဖွဲ့ကနေ မိုးမခကို နည်းပညာ၊ ၀က်ဆိုက်နဲ့ ဖောင့်ဆိုင်ရာ အများကြီး အားပေးကူညီပေးခဲ့ပါတယ်။
ယခုတော့ ကိုအောင်ကျော်မျိုးတယောက် မြန်မာပြည်ရဲ့ အဝေးမှာ ကွယ်လွန်ခဲ့ပြီ ဖြစ်ပါတယ်။ ကျန်ရစ်ခဲ့မိသားစုများနဲ့အတူ မိုးမခစာနယ်ဇင်း ၀ိုင်းတော်သားများက ၀မ်းနည်းကြေကွဲပါကြောင်း အကြောင်းကြားအပ်ပါတယ်။
မိုးမခရဲံ မိတ်ဆွေ ၀ိုင်းတော်သားများဟာ ထူထောင်ခဲ့တဲ့ အချိန်ကစပြီး ကွန်ယက်တခု၊ ယုံကြည်ချက် တံတားတစင်းပေါ် အတူတူ ဖေးမကူညီ လျောက်လှမ်းနေခဲ့ကြသော်လည်း တဦးနဲ့ တဦး၊ နဖူးတွေ့ ဒူးတွေ့ တွေ့ဆုံရင်းနှီးခဲ့ခြင်း မရှိကြပါဘူး။ စိတ်ချင်း နှလုံးသားချင်း နီးပြီး လူချင်းဝေးကြသူများ ဖြစ်တဲ့ မိသားစုကွန်ယက်တခု ဖြစ်တာမို့ သူ့ဓာတ်ပုံ၊ အသက်၊ မွေးသက္ကရာဇ်၊ နောက်ခံအကြောင်းအရာတွေ ဖော်ပြနိုင်ခြင်းမရှိပါ။ ဖော်ပြစရာလည်း မလိုတော့ပါခင်ဗျား။
ကိုအောင်ကျော်မျိုး (မျိုးလေး) ကောင်းရာသုဂတိလားပါစေ။
မိုးမခစာနယ်ဇင်းအဖွဲ့ (ဧပြီ ၃၊ ၂၀၁၄)