မောင်စွမ်းရည် - “အဖိုးနဲ့မြေ”



မောင်စွမ်းရည် - “အဖိုးနဲ့မြေး”
သြဂုတ် ၁၃၊ ၂၀၁၄


(မီးကဘယ်ကရသလဲ)
အဖိုးက မြီး(မြေး)ကို
မီးအကြောာင်း သင်ကိုယ်တွေ့မြင်အောင်
လုပ်ပြချင်တယ်။

ကျောက်ပြားနှစ်ချပ် လဲမှို့ကပ်ပြီး
တဖျပ်ဖျပ်နဲ့- ခတ်တယ်၊
ခတ်ဟယ်၊ ခတ်ဟယ်၊ ခတ်ဟယ်!
ခတ်တိုင်း မီးပွင့်-
ကိုးပွင့် ဆယ်ပွင့်၊ ပွင့်ပြီးမီးစွဲ
ရဲကနဲ တောက်၊ မီးတောက် ဖြစ်ကရော။

“မှန်ဘီလူး”တဲ့။
ဘီလူးမျက်လုံး၊ နှစ်ဖက်ခုံးမှန်ချပ်
လက်ကိုင်တပ်ပြီး၊ ဖြတ်စေနေရောင်-
နေရောင်ဖြတ်စေ၊ ဖြတ်စေ၊ ဖြတ်စေ!
ဖြတ်တဲ့ရောင်စဉ်၊ အောက်တွင်ပေါင်းစုံ
လေးအောင်ပြုပြီး၊ ရောင်စုံအောက်မှာ
စာရွက်တဆုပ်-
ဟုပ်ကနဲ မီးစွဲ၊ ရဲကနဲမီးတောက်
အံ့လောက်ဖွယ်ပ၊ သဘာဝကို
ရှင်းပြလိုက်ရော။

မြေးကလေးက
ချက်ခြင်းထပြီး၊ ဓါတ်မီးခြစ်တခု
သူ့အမေအိတ်ထဲက၊ ဆွဲယူပြီးခတ်
ဖျတ်ကနဲ ဝင်းလက်၊ တချက်ပါပဲ
စက္ကူ မီးရှို့၊
အဖိုး …  လက်ခုပ်တီးပါဗျို့ တဲ့။

အင်း၊ ဒီခေတ်ကြီးက၊ မီးရှို့ရတာ တယ်လွယ်တာကိုး။
(၁၂ မေ ၂၀၁၂)