အထက်တန်းအဆင့် Composition - ဂျူနီယာဝင်း


အထက်တန်းအဆင့် Composition - ဂျူနီယာဝင်း
(မိုးမခစာအုပ်စင်) နိုဝင်ဘာ ၂၉ ၊ ၂၀၁၄

စာအုပ်အမည် - အထက်တန်းအဆင့် Composition
မူရင်း - Wren and Martin’s High School English Grammar and Composition
ဘာသာပြန်သူ - ဂျူနီယာဝင်း
ပထမအကြိမ် ၊၂၀၁၄ အောက်တိုဘာ၊  အုပ်ရေ ၅၀၀။ အခန်း ၁၆ ခန်း
မျက်နှာဖုံးဒီဇိုင်း သင်းနွယ်စိုး၊ မျက်နှာဖုံး ပန်းချီကား Portrait of Rodo Pissarro ‘Reading’ 
ထုတ်ဝေသူ ဦးလှတိုး ၊ တိုက် ၁၇ ၊အမှတ် ၂၃၊  ရွှေအုန်းပင်အိမ်ရာ၊ အနောက်ရန်ကင်း၊ ရန်ကုန်မြို့။
ဖြန့်ချိရေး - ရန်အောင်စာပေ။ အထက(၁) ရန်ကင်းကျောင်းရှေ့၊ ဆိုင်အမှတ် H။ ၁၂လုံးတန်းမှတ်တိုင် အနီး။ ရန်ကင်းမြို့နယ်
ဖုန်း ၀၉ ၅၁၇ ၉ ၃၉ ၈။ ၀၉  ၇၃၂ ၄၃၈ ၅၁။
တန်ဖိုး ၂၅၀၀ ကျပ်။ စာမျက်နှာ ၃၂၀။ 
အမှာစာ - ဒေါက်တာခင်မောင်ဝင်း (သင်္ချာ)

ဤစာအုပ်သည် Wren and Martin’s High School English Grammar and Composition စာအုပ်မှ Composition အပိုင်းကို ဘာသာပြန်ထားခြင်းဖြစ်သည်။ Grammar ပိုင်းကို အထက်တန်းအဆင့်အင်္ဂလိပ်သဒါ ဟူ၍ ထွက်ရှိပြီး ဖြစ်ပါသည်။ Composition ဟူသည် ၀ါကျများဖွဲ့စည်းပုံကို လေ့လာခြင်း ဖြစ်သည်။ ဖွဲ့စည်းထားသော ၀ါကျများကို သရုပ်ခွဲလေ့လာခြင်း သို့မဟုတ် ၀ါကျကို ဖွဲ့စည်းတတ်ရန် ဟူ၍ Composition ကို လေ့ကျင့်လေ့လာပုံများ ကို တွေ့ကြရမည် ဖြစ်ပါသည်။ 


ဘာသာပြန်သူအနေနှင့် သည်စာအုပ်လေးကို စာဖတ်သူများ၏ တောင်းဆိုမူကြောင့် ရန်အောင်စာပေက ဆရာဦးလှတိုးတို့ဆီက သည်အပိုင်းကို ဘာသာပြန်ပေးစေလိုကြောင်း တွန်းအားပေးမူကြောင့်၎င်း၊ ဘာသာပြန်ပေးခဲ့ခြင်းဖြစ်ပါသည်။ တကယ်တန်း ဘာသာပြန်ကြည့်လိုက် သောအခါ စာဖတ်သူများ၏ တောင်းဆိုရသော အကြောင်းရင်းကို သိလာရ ပါသည်။ တကယ်လည်း Composition ကအင်္ဂလိပ်စာ လေ့လာသူများအတွက် လိုအပ်လှပါလား … ဟု သဘောပေါက်ကာ ကိုယ်ကိုယ်တိုင်လည်း ပညာတိုးကာ သည်အပိုင်းက ဗဟုသုတများ လေ့လာဖို့ အခွင့်အရေးများရလာခြင်းအတွက် ဘာသာပြန်ပေးဖို့ တောင်းဆိုသူ စာဖတ်သူများကိုပင် ကျေးဇူးတင်နေမိပါသည်။ စေတနာ မေတ္တာများ အပြည့်ဖြင့် ကြိုးကြိုးစားစား ဘာသာပြန်ပေးခဲ့တာဖြစ်လို့ စာဖတ်သူများလည်း သဘောကျ ကြလိမ့်မည်ဟု ယုံကြည်မိပါသည်။ (ဂျူနီယာဝင်း)