လင်းအေးထင် - ဘုရားပေါ်မှာ


လင်းအေးထင် - ဘုရားပေါ်မှာ
(မိုးမခ) ဒီဇင်ဘာ ၅၊ ၂၀၁၄

ကျ နေ ကြောင့် မြစ်ဟာ အနီစွေးစွေး သန်းကာ
အလယ်သောင်ကို ဘယ်-ညာ ရစ်ဝိုက် မငြူစူ စွာ စီးတယ်။

ရေစီးမှာ ဘဝစဉ်ဆက် ကမ္မ အမှုတို့ ဒရွတ်တိုက် လိုက်ပါ မျောခဲ့သလား
ဒီလို ငါ တွေးမိ ကမ်းနဖူး ရင်ပြင်မှနေ
မြစ်ကိုငေးရင်းလေ…။

လေအဝှေ့ ဆီမီးတို့ တနွဲ့နွဲ့ လောင်နေဆဲ
ဆည်းလည်းတို့ ညင်း ညံ့ညံ့ မြည်နေဆဲ …..

ဒီခဏ ….
ငြိမ်ဝပ်သော မျက်လွှာချခြင်းဖြင့် သက်ဝင်သူ
ခန္ဓာကို ညွတ်ပြောင်း ဦးချလိုက်စဉ်
ပုခုန်းပေါ်က တဘက်လွှာ လျှောကျသွားရဲ့။

ငါ သူ့ အနောက်က အသာအယာ ဖြတ်ကျော်သွား
ခြေသံလုံအောင် ထိန်းရင်းလေ။

လင်းအေးထင်

Lin Htin (Lin Aye Htin) Facebook:

×××××

လင်းထင် (လင်းအေးထင်) ကဗျာ၊ စာ ဟောင်းများ ဖတ်ရန် -

လွန်ခဲ့တဲ့ (၁၅) နှစ်

ငရဲလမ်းလိုက်မှ ဘာ မျှော်လင့်ရဦးမလဲ

ဘာလဲဟဲ့ ရင်ကြားစေ့ရေး

အလကား မတ်တင်း အမျိုးသား ကဗျာဆရာကြီး ကိုချော

ဘာသာရေးဟာ လောကီကြောင်းမှာ စပ်ယှက် သင့်မသင့်

ဂိုဂင်နီ

×××××


ခေါင်းစီး ဓာတ်ပုံ - Credit Magway up to date Facebook Page: https://www.facebook.com/pages/Magway-up-to-date/507053949308759