ဆောင်းဖြူ - မီးလုံးကလေး


ဆောင်းဖြူ - မီးလုံးကလေး
မိုးမခ ။ စက်တင်ဘာ ၁၃၊ ၂၀၁၅

(၁)

မီးလုံးကလေးတလုံး ဖျတ်ခနဲလင်းလာတယ်
အရောင် ၀ါကျင့်ကျင့်
အလင်း မှုန်ပြပြ။

(၂)

"မင်းတလုံးတည်းနဲ့
ကမ္ဘာကြီး ၀င်းထိန်မသွားပါဘူးကွာ…"
"လင်းမယ့်လင်းတော့
အစွမ်းကုန်ပဲ လင်းချင်တယ်
မဖြစ်ညစ်ကျယ် မလင်းချင်ဘူး…"
"သူတကာထက်
ပိုဝင်းလက်အောင် ကြိုးစားပါဦးကွာ…"

(၃)

မီးလုံးကလေးအနားမှာ
အသံတွေ မွစာကျဲနေတယ်။

(၄)

မီးလုံးကလေးကတော့
အားလုံးကို ဥပေက္ခာပြုပြီး
တနိုင်တပိုင် လင်းလက်လို့
သူ့ဝန်းကျင်သူ့ကမ္ဘာကို
အလင်းမျှဝေလို့
ဖျတ်ခနဲငြိမ်းပြီး
အလင်းတွေ အဆုံးသတ်မသွားခင်
မီးလုံးတစ်လုံးပီသစွာ ရပ်တည်လို့ ။

(၅)

ကျွန်တော်
မီးလုံးကလေးတလုံး ဖြစ်ချင်တယ်။

××××××××××××

မိုးမခတွင် ဖော်ပြထားသည့် ဆောင်းဖြူ၏ ကဗျာများ --

၁) အဲဒီသတင်းတွေကို ကျော်လိုက်

၂) ၁၉ လမ်:

၃) ရန်ကုန်ဟာ မလုံခြုံတော့ဘူး

၎) စိုးရိမ်ရေမှတ် ဗမာပြည်

၅) နှလုံးသားထဲက အလင်းစက်များ

၆) ရန်ကုန်

၇) ၀န်ကြီးများရုံးတစ်နေရာ

၈) တံခါးများ

၉) မြေစာပင်ရဲ့တေး

၁၀) အစ်ကို

၁၁) မေတ္တာစာ