အပါယ်ခံမဲစာရင်းမဖြစ်ရေးနှင့် မဲမှန်ကန်မှုဖြစ်အောင်ပြည်သူအားလုံးပူးပေါင်းကြဟု ကိုမင်းကိုနိုင်နဲ့ ကိုဂျေမီပြော
အပါယ်ခံမဲစာရင်းမဖြစ်ရေးနှင့်
မဲမှန်ကန်မှုဖြစ်အောင်ပြည်သူအားလုံးပူးပေါင်းကြဟု ကိုမင်းကိုနိုင်နဲ့ ကိုဂျေမီပြော
ဟန်သစ်နိုင်၊
မိုးမခ၊ စက်တင်ဘာ ၁၇၊ ၂၀၁၅ခုနှစ်
လာမည့်၂၀၁၅ခုနှစ်ရွေးကောက်ပွဲအတွက်
မဲစာရင်းများတိကျမှန်ကန်မှုမရှိသေးခြင်းများသည် သန့်ရှင်းသောရွေးကောက်ပွဲဖြစ်နိုင်ဖို့
မသေချာကြောင်းနှင့် သေချာအောင်ပြည်သူအားလုံးက စောင့် ကြည့်ပြုမူသွားရမည်ဟု ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်းမှ
ကိုမင်းကိုနိုင်နှင့် ကိုဂျေမီတို့က ပြော သည်။
ရွေးကောက်ပွဲတစ်ခုပြုလုပ်ရာတွင်
မဲစာရင်းများမှန်ကန်မှု မရှိခြင်းများသည် မျှတမှုမဖြစ် လာနိုင် ကြောင်း၊ သို့သော် မျှတမှုဖြစ်လာနိုင်အောင်မည်သို့လုပ်ဆောင်ရမည်ကိုသာ
တွေးတောပြီး ပြုမူ လုပ် ဆောင်သွားရမည်ဖြစ်ကြောင်း၊ ထို့ကြောင့်မဲဆန္ဒရှင် တစ်ဦးသည် မိမိစာရင်းပါမပါ
ကိုယ်တိုင်ကိုယ်ကျ သွားရောက် စစ်ဆေးသင့်ကြောင်း၊ မိမိမဲစာရင်းမှန်ကန်မှုရှိခဲ့လျှင်
ကြိုက်နှစ်သက်ရာပါတီကို ချွတ်ချော်မှုမရှိပဲ မဲထည့်ပေးသင့်ကြောင်း၊ ဒီမိုကရေစီအရေးကို
ဆောင်ရွက်နေကြသော တိုင်းရင်းသားခေါင်းဆောင်များ အတွက် မဲဆွယ် စည်းရုံးရေးများတွင်လည်း
ခြိမ်းခြောက်မှုများရှိခဲ့လျှင် တက်ကြွလှုပ်ရှားသူများနှင့်
ဒေသ ခံပြည်သူများ က စောင့်ကြည့်သွားရမည်ဖြစ်ကြောင်း ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ
ကိုမင်းကိုနိုင်ကပြောသည်။
ဆက်လက်၍
“ပြည်သူလူထုအနေနဲ့ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး အကုန်လုံးနိုးကြားကြပါ၊ ကိုယ်တိုင်ကိုယ်ကျစိတ်
ရောကိုယ်ပါ ပါဝင်ပူးပေါင်းကြပါ၊ မတရားမှုမှန်သမျှကို စုပေါင်းတွန်းလှန်ဖော် ထုတ်ကြပါ”
ဟုပြောသည်။
ပြည်သူများအနေဖြင့်
မိမိမဲစာရင်းမပါခဲ့လျှင် မဲထည့်မည့်အခွင့်အရေးအတွက်ကြိုးစားရ မည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး
မဲစာရင်းနှစ်ကြိမ်နှစ်ခါထုတ်ပြန်သော်လည်း တိကျမှု မရှိသေးခြင်းကြောင့် သန့်ရှင်းမျှတသောရွေးကောက်ပွဲဖြစ်ဖို့သည်
အလွန်စိုးရိမ်ဖွယ်ရှိနေကြောင်း ၊ ရွေးကောက်ပွဲကာလတွင်လည်း ခြိမ်းခြောက်မှုနှင့် မတရားအားသုံးမှုတွေ
ကို စောင့်ကြည့်သွား မည်ဖြစ်ကြောင်း၊ ပြုပြင်ပြောင်းလဲရေးအတွက် ပြည်သူလူထုက ပါတီများကို
ရဲရဲတင်းတင်းယုံ ကြည်စွာ ထောက် ခံမဲပေးဖို့ လိုအပ်ကြောင်း၊ ရွေးကောက်ပွဲပြီးစီး၍ အနိုင်ရပါတီကို
အာဏာလွှဲပေးမှုမရှိ ခဲ့လျှင် ၂၀၀၈ဖွဲ့စည်းပုံကို ဖောက်ဖျက်ရာရောက် မည်ဖြစ်ပြီး ပြည်သူ့အာဏာကိုဖီဆန်ရာရောက်ကြောင်း များကို
ငြိမ်းချမ်းရေး နှင့်ပွင့်လင်း လူ့အဖွဲ့အစည်းမှ ကိုဂျေမီက ပြောသည်။
ဆက်လက်၍ “မကြာခင်ရက်ပိုင်းအတွင်းမှာ အားပေးလှုံ့ဆော်မှုတွေလုပ်မယ်၊
စတေကာကမ် ပိန်းတွေလုပ်မယ်၊ မဲစာရင်းစစ်ဖို့၊ မဲရုံကိုသွားပြီး မဖြစ်မနေမဲပေးဖို့ကိစ္စတွေပြုလုပ်သွားမယ်”
ဟု ပြောသည်။


