ဟန်သစ်နိုင်၊
မိုးမခ၊ အောက်တိုဘာ ၆ရက်၊ ၂၀၁၅
မြို့နယ်တိုင်းတွင်
မဲဆွယ်စည်းရုံးဟောပြောခွင့်နေရာသတ်မှတ်ပေးထားသော်လည်း ကျောက်တံ တားမြို့နယ်ကို မြို့တော်စည်ပင်သာယာရေးမှ
ကန့်ကွက်ထားကြောင်းကို တိုင်းဒေသကြီး (၁)လွှတ်တော် ကိုယ်စားလှယ် လောင်းဒေါ်ကြည်ပြာမှ မုပြောပြသည်။
ကျောက်တံတားမြို့နယ် NLDကိုယ်စားလှယ်လောင်းများက
စက်တင်ဘာ ၂၇ရက်မှစတင်၍ စုဝေးဟောပြောခွင့်အဖြစ်
ပန်းဆိုးတန်းလမ်းအလယ်၊ ဗိုလ်အောင်ကျော်လမ်းအလယ်၊ မဟာဗန္ဓု လပန်းခြံ လမ်းအောက်စသည်ဖြင့်နေရာသုံးခုကို
တင်ပြတောင်းဆိုထားကြောင်း၊ ၄င်းတင်ပြမှုကို မြို့နယ်ကော် မရှင်နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးကခွင့်ပြုသော်လည်း
မြို့တော်စည်ပင်မှ အများသူငှာသွားလာရေး အတွက် အနှောက်အယှက်ဖြစ်မည်စိုးသဖြင့် ခွင့်မပြုကြောင်း၊
တဖန် အနောက်ပိုင်းခရိုင်ကော်မရှင် က အောက်တိုဘာ ၁၈ရက်တွင် ဗိုလ်ချုပ်လမ်းပေါ်နှင့် ဘဏ် ၃ရှေ့ကို လုပ်ပိုင်ခွင့်ပြုသော်လည်း
မြို့တော် စည်ပင်မှ တားမြစ်ပိတ်ပင်ခြင်းပြုလုပ်ခဲ့ပြန်ကြောင်း၊ ထပ်မံ၍ဗန္ဓု လပန်းခြံရှေ့တစ်နေရာကို ရန်ကုန်တိုင်း ဝန်ကြီးချုပ်ကိုယ်စား လက်ထောက်ညွှန်ကြားရေးမှူး
ဒေါ်ခင်လှမြင့်မှ လက်မှတ်ရေးထိုးပြီး ခွင့်ပြုခဲ့သော် လည်း မြို့တော်စည်ပင်မှ တားမြစ်ပိတ်ပင်နေဆဲခံနေရကြောင်း၊
တခြားမြို့ နယ်များတွင် ဟောပြောစည်းရုံး ခွင့် နေရာ ၃နေရာခွင့်ပြုပေးထားသော်လည်း ကျောက်တံတားမြို့နယ်တွင်
နေရာသတ်မှတ်ပေးခြင်း မရှိသေးသည့်အတွက် စည်းရုံးဟောပြောခွင့် မရှိသေးကြောင်း ဒေါ်ကြည်ပြာမှ
ပြောသည်။
ဆက်လက်၍
“၁/၂၀၁၄ အရဆိုလျှင် ပါတီနဲ့ဆက်ဆံရမှာက ကော်မရှင်ပဲဆက်ဆံရမှာ၊ ကော်မရှင် က နေရာသတ် မှတ်ပေးရမယ်၊
၁/ ၂၀၁၄အရပါတာသည် ဆေးရုံး၊ ဈေး၊ လူစည်ကားရာနေရာတွေမှာ မလုပ်ရဘူး ပဲပါတာ ပန်းခြံမပါဘူး”
ဟုပြောသည်။
ကျောက်တံမြို့နယ် ရွေးကောက်ပွဲကော်မရှင်
အရာရှိတစ်ဦးကလည်း “ ကျနော်တို့က ဘယ်ပါတီမဆို တိတိကျကျဖြစ်အောင်ကူညီပေးပါတယ်၊ အခုလည်း
NLD ပါတီကို ကျောက်တံတားမြို့နယ်တွင် ဟောပြော စည်းရုံးခွင့်နေရာတစ်နေရာသတ်မှတ်ပေးဖို့
မြို့တော်စည်ပင်ကို စာဖြင့်တင်ပြပေးထားတယ်၊
အခုထိတော့ ဘာမှအကြောင်းပြန်မကြားသေးဘူး” ဟုပြောသည်။
