ကိုလေး(အင်းဝဂုဏ်ရည်) - စစ် ပွဲ တွေ ကို ရပ်

http://gawrifort.deviantart.com/art/War-and-Peace-352601366

ကိုလေး(အင်းဝဂုဏ်ရည်) - စစ် ပွဲ တွေ ကို ရပ်
(သူ့ဖေ့စ်ဘွတ်) မိုးမခ၊ နိုဝင်ဘာ ၁၇၊ ၂၀၁၅

၁၉၄၂
စစ်
တစ်နှစ်သုံးလေး ရေးတတ်ပြီ့

၁၉၄၈
မော်တာပစ်သံ အီးဝိုင်သံ
စက်ကလေးသံ စက်ကြီးသံ
ပစ္စတိုသံ ရိုင်ဖယ်သံ
အသံတိုင်းကိုခွဲတတ်ပြီ့

ဘုရားနား ငါးလောင်း
ချောင်းဘေး လေးလောင်း
သင်္ချိုင်းကုန်း သုံးလောင်း
အလောင်းကြည့် ကျောင်းပျက်
တရက်လဲမဟုတ်
နှစ်ရက်လဲမဟုတ်
ကျောင်းအုပ်ကြီးရဲ့ ကြိမ်ဒဏ်
ကျောကော့အောင်ခံခဲ့ရ
ဆရာမကလဲ
နားရွက်ဆွဲ ထိုင် ထ တဲ့
သြော် ကာလ ကာလ့

အလောင်းတွေကြား
ကစားခဲ့တဲ့
ငါ
ကံကြမ္မာသာလို့
ငါကိုယ်တိုင် အလောင်းမဖြစ်
ခု ...
အသက်ရှစ်ဆယ့့်

 မငြိမ်းချမ်းသမျှတော့
ကိန်းဂဏန်းက တိုးနေဦးမှာဘဲ့

 သေသူ
ပြတ်သူ
ငတ်သူ
ဒီလူတွေ
ဟောဒီလူတွေ
လူတွေ
လူတွေ
လူတွေ့

ရပ်
စစ်ပွဲတွေကို
ရပ်
သေနတ်သံအစား
စာအံသံကြားချင်ပြီ့

ကိုလေး(အင်းဝဂုဏ်ရည်)
16 11 2015 ည ၁၀ နာရီ