နီဇူလိုင် - "ဒီဇင်ဘာ"


နီဇူလိုင် - "ဒီဇင်ဘာ"
(မိုးမခ) ဒီဇင်ဘာ ၂၆၊ ၂၀၁၅

ဒီဇင်ဘာ
မင့် နှင်းထုရဲ သိပ်သည်းဆထဲမှာ
ချစ်သူချင်းတွေ ထွေးပါစေ
ချစ်သူချင်းတွေ နွေးပါစေ..

ဒီဇင်ဘာ
မင့် နှစ်ဟောင်းရဲ့ နောက်ဆုံးထွက်သက်နဲ့အတူ
 အေးစက်မာကျော...
တရားမဲ့သော မုန်းသူတွေ... ကျဆုံးပါစေ
တရားမဲ့သော မုန်းသူတွေ... ကျဆုံးပါစေ
 တရားမဲ့သော မုန်းသူတွေ... ကျဆုံးပါစေ .
အဝေးဆုံးသို့ ... သယ်ဆောင်သွားပါလေ..

 (၂၅.၁၂.၁၅)