ကျော်ဟုန်း - စောင့်ကြည့်နေသူများရဲ့ ကမ္ဘာ


 ကျော်ဟုန်း - စောင့်ကြည့်နေသူများရဲ့ ကမ္ဘာ
(မိုးမခ) ဖေဖော်ဝါရီ ၁၀၊ ၂၀၁၆

ကိုးတောင်ကျားကြီးကလည်း
သွားကြားထိုးရင်း ပြောတယ်
စောင့်ကြည့်နေတယ်တဲ့။

သူများလိုက်ထားတဲ့ အမဲ
စားကြွင်းကျန်ကပ်စားတဲ့ လဒတွေကလည်း
စောင့်ကြည့်နေတယ်တဲ့။

အရှုံးအရသာ
ပြောင်းလဲခြင်းသဘာဝ
ဖီဆန် ကျားနာခဲတွေ
မောဟ၊ လောဘ
ပစ်မှတ်ဟောင်းတွေ
စောင့်ကြည့်နေဆဲကာလ။

ဝိုင်းကူဖို့မဟုတ်
ဝိုင်းဖျက်ဖို့ ...။

ဒီတောအုပ်မှာမှ
မျိုးမတုန်းရင်
သတ္တလောက မြေကွက်ရှားပေရော့မယ်။

သိုက်မြုံဆောက် ငှက်နှုတ်သီးတွေမှာ
သွေးယိုစီးနေဆဲပေါ့။

ကြွက်တူးတွင်းကို
ဝင်အောင်းတဲ့ မြွေက အနေသာကြီး
စောင့်ကြည့်နေကြတယ်တဲ့။ ။

ကျော်ဟုန်း
ဖေဖော်ဝါရီ ၁၀၊ ၂၀၁၆။