ခင်လွန်း - မတ်လ

 ခင်လွန်း - မတ်လ
(မိုးမခ) မတ် ၈၊ ၂၀၁၆

ကြယ်တွေမစုံတဲ့ကောင်းကင်ကြီး
နှစ်ပေါင်း ၆၀ မက စွန်းခဲ့ပြီ

လူတွေ စိတ်ကူးနဲ့
ငှက်တွေကိုလွှတ်လိုက်ကြ

လေညင်းကို
ဘာသာစကားထည့်လိုက်ကာ
မုန်တိုင်းဖြစ်စေခဲ့
ရေညှိတက် သံမဏိတံတိုင်းကြီးတွေ
အက်ကွာ ကျလာတဲ့အထိ။

အလင်းသစ်တစဟာ
ကမ္ဘာလောကရဲ့
လုံသားကိုထိုးခွဲ
ရဲ ရဲ
စူး  စူး
ဖူး   ဖူး
မြ  မြ
ဦးညွှတ်ကြ။
အမှန်တရားရဲ့အလံတော်ဟာ
ဘယ်ဓားအောက်မှာမှ
ကွေးညွှတ်သွားရိုးမရှိ။ ။

ခင်လွန်း
၁၈၊ မတ်၊ ၂၀၀၉