F & N Myanmar နှင့် Myanmar Golf Federation တို့ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲ ပြုလုပ်

F & N Myanmar နှင့်  Myanmar Golf Federation  တို့ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲ ပြုလုပ်

ရန်နောင်(ဗိုလ်တထောင်)    မိုးမခ      မတ်  ၂၀ -  ၂၀၁၆

          Fraser & Neave Co.ltd (F&N) နှင့် Myanmar Golf Federation တို့ကြား သဘောတူနားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးပွဲကို ရန်ကုန်မြို့ ၊ဒညင်းကုန်းဂေါက်ကလပ် တွင် မတ်လ ၁၈ ရက် နံနက် ၁၁နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ဒေါ်ထွေးလှဟန်

          အဆိုပါ အခမ်းအနားတွင် အခမ်းအနားမှူးအဖြစ် ဒေါ်ထွေးလှဟန်မှ ဆောင်ရွက်ခဲ့သည်။ထို့နောက်  Mr. Prapas Rattanapas , Head of Marketing , 100 PLUS နှင့် မြန်မာဂေါက်သီးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးကိုကိုအေးတို့က သဘောတူလက်မှတ်ရေးထိုးခဲ့ကြသည်။

          ထို့နောက်  Mr. Prapas  မှ Offical Hydration Partner အဖြစ်ပါ ဝင်ဖြစ်ပုံအား ရှင်းလင်းပြောကြားပြီး မြန်မာဂေါက်သီးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးကိုကိုအေး နှင့် အငယ်တန်းဂေါက်သီးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်အောင်တို့မှ ပွဲနှင့်ပတ်သက်သည်များကို   ရှင်းလင်းပြောကြားခဲ့သည်။

          100 PLUS သည် မြန်မာဂေါက်သီးအဖွဲ့ချုပ် လက်အောက်ရှိ မြန်မာအငယ်တန်း ဂေါက်သီးအဖွဲ့အစည်းအတွက် နှစ်ရက်တာ ကျင်းပမည့် 100 Plus Junior Golf Tournament ပြိုင်ပွဲကို စီစဉ်တာ ဝန်ယူ၍ ရန်ကုန်မြို့တွင် ၂၀၁၆ ခုနှစ်၊ မေလ၌ ကျင်းပမည်ဖြစ်သည်။ အဆိုပါပြိုင်ပွဲမှ အနိုင်ရရှိသူ ဂေါက်သီးအားကစားသမား ကျားတဦး၊ မတဦးကို  မြန်မာနိုင်ငံ ကိုယ်စားပြု အငယ်တန်း ဂေါက်သီးရိုက်အားကစားသမားအဖြစ် ၂၀၁၆ ခုနှစ် ဩဂုတ်လ ၁၅ ရက်မှ ၁၈ ရက်အထိ  မလေးရှားနိုင်ငံ ၊ပီနန်ဂေါက်ကလပ်မှာ ကျင်းပမည့် 100 Plus Malaysian Junior Open ပြိုင်ပွဲတွင် ပါ ဝင်ခွင့်ရရှိမှာ ဖြစ်ပြီး သွားရောက်ယှဉ်ပြိုင်မည့် ကစားသမားများ၏ ခရီးစရိတ်နှင့် နေထိုင်စားသောက်မှုကို 100 Plus က ထောက်ပံ့တာ ဝန်ယူမည်ဖြစ်သည်။ 100 Plus Junior Golf Tournament ပြိုင်ပွဲကို မြန်မာနိုင်ငံတွင် အနည်းဆုံး(၂) နှစ် ကျင်းပမည် ဖြစ်သည်။
          ၎င်းအပြင်  100 Plus Malaysia Junior Open သည် မလေးရှားနိုင်ငံ၏ အဆင့်မြင့်အငယ်တန်း ဂေါက်သီးရိုက်ပြိုင်ပွဲဖြစ်၍ ထိပ်တန်းအငယ်တန်းဂေါက်သီးသမားများ (၁၂၀) ခန့် ပါ ဝင်ယှဉ်ပြိုင်ပြီး တောင်ကိုရီးယားနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ စသည်ဖြင့် ပါ ဝင်ကြသည်။
          မြန်မာနိုင်ငံတွင် ယခုလာမည့်ပွဲစဉ်သာမက အခြားသော အငယ်တန်းဂေါက်သီးရိုက်ပြိုင်ပွဲများအား မြန်မာဂေါက်သီးရိုက်အသင်းမှ ကျင်းပပြီးစီးခဲ့ပြီး ဖြစ်သည်။ ယခင်ကလည်း Han Golf Master အနေဖြင့် အငယ်တန်းဂေါက်သီးရိုက်ပြိုင်ပွဲများကို ဦးစီးကျင်းပကာ စွမ်းရည်မြင့်မားပြီး ထူးချွန်သော အငယ်တန်းဂေါက်သီးရိုက်ကစားသမားများကို မွေးထုတ်ပေးခဲ့ပြီးဖြစ်သည်။