ဖရီးမောင့်က ငၝးကဵမ်ူးပန် ဆရာတော် ဧရာဝတီကယ်ဆယ်ရေး ခရီး မတ်ြတမ်း



သင်္ကန်းကျွန်း ငါးကျမ်းပြန်ကျောင်းနှင့် ဖရီးမောင့် မေတ္တာနန္ဒ၀ိဟာရကျောင်းတိုက် ဆရာတော် ဦးဓမ္မပီယ လေဘေးကယ်ဆယ်ရေး ဆောင်ရွက်မှု မှတ်တမ်း
မိုးမခ ဓာတ်ပုံသတင်း

မေ ၂၈၊ ၂၀၀၈

အမေရိကန်၊ ကယ်လီဖိုးနီးယား၊ ဘေးဧရိယာမှာ သာသနာပြုနေတဲ့ ဆရာတော် ဦးဓမ္မပီယ ဟာ မုန်တိုင်းကျနေစဉ်မှာ မြန်မာပြည်သို့ ရောက်ရှိနေပါတယ်။ မေလ ၁၁ မှာ ပြည်ပကို ပြန်လည် ကြွချီဖို့ စီစဉ်ထားပေမယ့် နာဂစ်မုန်တိုင်းသင့်ပြီးနောက် ဧရာဝတီတိုင်း ဒုက္ခသည်များ ကယ်ဆယ် စောင့်ရှောက်ရေး လုပ်ငန်းတွေကိုသာ သွားရောက် မြုပ်နှံလုပ်ကိုင်နေတာကြောင့် ပြည်ပက ဒကာ၊ ဒကာမတွေကို အကြောင်းမပြန်နိုင်အားတော့ပါ။ မိုးမခကတဆင့် ဆရာတော်ရဲ့ ကယ်ဆယ်ရေး၊ စောင့်ရှောက်ရေး မှတ်တမ်းတွေကို တင်ဆက်လိုက်ပါတယ်။ ဆရာတော်ရဲ့ အလှူတော်ကို ၀ိုင်းဝန်းကြဖို့ကိုလည်း ပြည်တွင်းက စေတနာရှင်တွေက လှမ်းပြီး တိုက်တွန်းနေကြပါတယ်။

ဆက်သွယ်ရန်လိပ်စာ - ငါးကျမ်းပြန် သာသနရိပ်သာ၊ ၁၆/၃ ရပ်ကွက်၊ သင်္ကန်းကျွန်း မြို့နယ်၊ ရန်ကုန်၊ မြန်မာ၊ ဖုံး/ဖက် - ၉၅၁ - ၅၆၂ ၄၄၂ / ၉၅၁ - ၅၇၁ ၃၁၂။ အမေရိကန်ပြည်ထောင်စုက ဆက်သွယ်ရန် လိပ်စာ - မေတ္တာနန္ဒ၀ိဟာရ၊ Metta Nanda Vihara, 4619 Central Ave, Fremont, CA 94536, Tel – 510 – 795 0405 တို့ ဖြစ်ပါကြောင်း တင်ပြလိုက်ပါတယ်။ မေတ္တာနန္ဒ၀ိဟာရက ဆရာတော် ၂ ပါးဖြစ်တဲ့ ဦးဃောသိတဘိဝံသနဲ့ ဦးဥာဏိကဘိဝံသတို့ကိုလည်း ဆက်သွယ် စုံစမ်းနိုင်ကြောင်း သိရပါတယ်။

Comments

TTT said…
so well organized!! our monks are our leaders.....