Kyi Aung's poem - 001


မိုးခေါင်တောက စစ်မောင်းသံ
ကြည်အောင်
နိုဝင်ဘာ ၂၈၊ ၂၀၀၈

နွေဦးတစ်ထောင်၊ သံပူရောင်နဲ့
မိုးခေါင်တောဆီ တပ်ကြီးချီ။

ဒဟပ်နဲ့ငု၊ တပ်သစ်စုကြ
ပွင့်နုမညိုး၊ ပန်းမျိုးကုဋေ
စစ်ခြေ ခိုင်မြဲ၊ စစ်ပွဲအားမာန်
တော်လှန်ရိုက်ကျူး ရဲရဲဖူး။

နွေးဦးစစ်ကွက်၊ မီးလျှံစက်လည်း
တပ်ပျက် ဆုတ်ခွာ၊ ခယောင်းယာထဲ
ငုဝါအောင်ပွဲ၊ ခြိမ့်ခြိမ့်သဲ။ ။

(မူရင်း - ချယ်ရီမဂ္ဂဇင်း၊ ၁၉၈၆ ဒီဇင်ဘာ)

Comments