Biography of Mahn Win Maung, President of Burma in 1957 (Part 8)

မန်းဝင်းမောင် အတ္ထုပ္ပတ္တိ အပိုင်း (၈)
မှတ်စုမှတ်တမ်း
ဇန်န၀ါရီ ၃၀၊ ၂၀၀၉

ပျဉ်းမနားမြို့နှင့် မန္တလေးကားလမ်းပေါ်တွင် အင်္ဂလိပ် လေယာဉ်ပျံများက နေ့တွင်မကဘဲ ညဘက်မှာလည်း လိုက်လံ ပစ်ခတ်ကြောင်း ပျဉ်းမနားမှာ နေစဉ် ကြားသိရပါတယ်။ ညဘက် သွားသောအခါ မီးထိုးပြီး သွားရပါသဖြင့် မီးထိုးထားသော ကားကို လိုက်လံပစ်ခတ်ခြင်း ဖြစ်တယ်။ ဤကဲ့သို့ ပစ်ခတ်ခြင်းကြောင့် သေကြေ ပျက်စီးကြကြောင်းလည်း သိရှိရပါတယ်။ ဒီသတင်းကို ကြားသိထားရသဖြင့် ညနေဘက် ပါပါတို့ ဆက်လက် ခရီးထွက်တော့ သတိ ဝီရိယ ထားပြီး သွားရပါတယ်။ ဖြည်းဖြည်းသွားပြီး မီး ထိုးတလှည့်၊ မထိုးတလှည့် သွားရပါတယ်။ မိတ္ထီလာ ရောက်တော့ ဗိုလ်ကြီး တင်ထွန်းဟာ တွေ့စရာရှိတဲ့ လူတွေနဲ့ ဝင်တွေ့ပြီး ဓာတ်ဆီရှာရတာနဲ့ နည်းနည်း ကြာသွားပါတယ်။

Comments