DPNS Political Party stated there's new challenge ahead to free Burma

လူဘောင်သစ်ပါတီက အရေးပေါ်ထုတ်ပြန်ချက်ကြေညာ၊ စိန်ခေါ်မှုအသစ်များကို ရင်ဆိုင်မည်ဟု ဆို

မိုးမခအထောက်တော် ၀၀၃

ဇူလိုင် ၂၇၊ ၂၀၀၉

ထိုင်းမြန်မာနယ်စပ်တွင် အရေးပေါ် ကျင်းပသော လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီ ဗဟိုကော်မတီ အစည်းအဝေး ( ၂၀ - ၂၄ ဇူလိုင်၊ ၂၀၀၉) ဆုံးဖြတ်ချက်များ အရ အရေးပေါ်ကြေညာချက် ထုတ်ပြန်ရာတွင် ၂၀၀၈ အခြေခံဥပဒေကို ဆန့်ကျင် တိုက်ဖျက်ရေး၊ ပါတီကို အားကောင်းအောင် တည်ဆောက်ရေး၊ စည်းရုံးရေးတို့အတွက် ပြင်ဆင်ကြရန် ဆုးံဖြတ်ကြကြောင်း ထုတ်ပြန်သည်ဟု ဆိုသည်။ ၂၀၁၀ မတိုင်မီနှင့် အလွန်တို့တွင် ရင်ဆိုင်ရမည့် စိန်ခေါ်မှု မျိုးစုံကိုလည်း အဆင်သင့်ဖြစ်နေရန် လိုကြောင်းလည်း ထုတ်ဖော် ရေးသားထားသည်။

ပါတီကို ပြန်လည်ဖွဲ့စည်းရာတွင် ကိုအောင်မိုးဇော်က ဥက္ကဋ္ဌ၊ ကိုယဉ်ထွေးက ဒု-ဥက္ကဋ္ဌနှင့် ကိုခင်မောင်တင့်က အထွေထွေ အတွင်းရေးမှူး အဖြစ် တာဝန်ယူကြကြောင်း ရေးသားထားသည်။ ၎င်းတို့၏ ဆွေးနွေးချက်များနှင့် ဆုံးဖြတ်ချက်များကို အသေးစိတ် ဖော်ပြထားခြင်း မရှိသော်လည်း ၂၀၀၈ အခြေခံ ဥပဒေကို ဆန့်ကျင်တိုက်ဖျက်ရန် “ဥပဒေတွင်း၊ ဥပဒေ, ပ တိုက်ပွဲများ” ဆင်နွှဲရမည်ဟု ရေးသားထားသည်ကို တွေ့ရသည်။

လူ့ဘောင်သစ်ပါတီသည် အင်အားကြီးသော ကျောင်းသား ပါတီ အဖြစ် ၁၉၉၀ ရွေးကောက်ပွဲ ကာလအတွင်းက လူသိများသည့် နိုင်ငံရေးပါတီ ဖြစ်သည်။ ပါတီခေါင်းဆောင်များ၊ ပါတီဝင် အများအပြားကို စစ်အုပ်စုက ဖမ်းဆီးထိမ်းသိမ်း ထောင်ချခြင်းများ ပြုလုပ်ခဲ့သည်။ ၁၉၉၁ ဒီဇင်ဘာတွင် စစ်အုပ်စုက ပါတီ ဆိုင်းဘုတ်ကို ဖြုတ်ချပြီး ဖျက်သိမ်းကြောင်း ကြေညာခဲ့သည်။ ထိုနောက် လက်ရှိ ပါတီ ခေါင်းဆောင်များ၊ ပါတီဝင်များနှင့် မြေအောက်ပါတီတခု အဖြစ် ဆက်လက်ရပ်တည် လှုပ်ရှားလျက်ရှိသည်။ ၎င်းတို့၏ အင်တာနက်လိပ်စာမှာ - http://www.dpnsburmese.org/index.html ဖြစ်သည်။

Comments