July 28th considered final verdict day for DASSK trial, some expect

ဇူလိုင် ၂၈ - ဒေါ်အောင်ဆန်းစုကြည် တရားစီရင်မှု နောက်ဆုံးနေ့အဖြစ် အားလုံးက စောင့်ကြည်

မိုးမခ အထောက်တော် ၀၀၃

ဇူလိုင် ၂၈၊ ၂၀၀၉

ထိုနေ့သည် ဒေါ်အောင်ဆန်းစုကြည်အား အကျယ်ချုပ်ဖောက်ဖျက်မှုအဖြစ် စစ်အုပ်စု၏ တရားစွဲဆိုခြင်း၏ တရားစီရင်မှု နောက်ဆုံးနေ့အဖြစ် ပြည်တွင်း ပြည်ပမှ အထူးစိတ်ဝင်တစား စောင့်ကြည့်လျက်ရှိသည်ဟု ဆိုသည်။ ယမန်နေ့က နောက်ဆုံးလျောက်လဲချက်များ တင်သွင်းသည့်နေ့ ဖြစ်သည်။ အင်န်အယ်ဒီပြောခွင့်ရ ပုဂ္ဂိုလ်ဦးဉာဏ်ဝင်းက မိမိတို့ဖက်က အနိုင်ရမည်ဟု ပြောဆိုခဲ့သော်လည်း သတင်းများတွင် မြန်မာအများစုမှာ စစ်အုပ်စုကို အယုံအကြည်မရှိခြင်းကြောင့် ဒေါ်စုကို မတရားထောင်ချမည်ဟု ထင်မြင်ကြသည်။ နိုင်ငံတကာ၏ ဖိအားများသာမက မြန်မာပြည်သူတို့ကလည်း ယခုဒေါ်စုအား စစ်အုပ်စု၏မတရားအရေးယူမှုကို တိတ်ဆိတ်ငြိမ်သက် တင်းမာစွာ စောင့်ကြည့်နေသည်ဟု ပြည်တွင်းကလာသော သတင်းများက ဆိုသည်။

Comments