commercial for Thadingyut period

ရာသီစာ ကြော်ငြာ
ဓာတ်ပုံသတင်း

စက်တင်ဘာ ၂၉၊ ၂ဝဝ၉
ယခုတပတ်ထုတ် အလင်းတန်းဂျာနယ် မျက်နှာဖုံးမှ ကြော်ငြာတခုတွင် သရုပ်ဆောင်ထားကြသည့် နေတိုး နှင့် အိန္ဒြာကျော်ဇင်။

နေတိုး၏ ၀တ်စုံမှာ ရှမ်းတိုင်းရင်းသား ၀တ်စုံဖြစ်ပြီး အိန္ဒြာကျော်ဇင်၏ ဆံထုံးမှာ ရှမ်းစော်ဘွားမျိုးနွယ်များ အသုံးပြု ပြင်ဆင်လေ့ရှိသည့် ပုံစံဖြစ်သည်ဟု မိတ်ကပ် ခင်စန်းဝင်းကို ကိုးကားပြီး အလင်းတန်းဂျာနယ် သတင်းတပုဒ်တွင် ဖော်ပြထားသည်။ သီတင်းကျွတ်ကာလ မင်္ဂလာဆောင်ပွဲများ ကျင်းပကြမည့်အချိန်တွင် သတို့သမီးဝတ်စုံလုပ်ငန်း၊ မင်္ဂလာပွဲ အကျိုးဆောင်လုပ်ငန်းများက စာနယ်ဇင်းတချို့တွင် ကြော်ငြာလျက်ရှိသည်။။

Comments