Pictures of Burmese Famous People Arists and People in Potraits Exhibition


ပန်းဆိုးတန်းဂယ်လရီမှာ ထင်ရှားသူမြန်မာများရဲ့ ပုံတူပန်းချီကားပြပွဲ ကျင်းပ
မိုးမခအထောက်တော် ၀၀၃
အောက်တိုဘာ ၂၉၊ ၂၀၀၉
အောက်တိုဘာ ၁၆ မှ ၃၁ အထိ ရန်ကုန်မြို့၊ ပန်းဆိုးတန်းဂယ်လရီ ပန်းချီခန်းမှာ ပေါ့ထရိတ်ပန်းချီ ပြပွဲတခု ခင်းကျင်းခဲ့ပါတယ်။ ထိုပွဲမှာ မြန်မာပြည်၏ စာရေးဆရာကြီး၊ ဆရာမကြီးများရဲ့ ပုံတူကားများ ဆီဆေး၊ ရေဆေးတို့နဲ့ အသွေးအရောင် စုံလင်စွာနဲ့ ရေးဆွဲတင်ဆက်ထားတဲ့ ထူးခြားတဲ့ ပြပွဲ ဖြစ်ပါတယ်။
ရေးဆွဲသူတွေက မောင်ငွေထွန်း၊ ပေါ်ဦးသက်၊ မောင်စိန်၊ ဦးသက်ညွန့်၊ ခင်မောင်ရင်၊ မောင်ညိုဝင်း၊ ၀သုန်၊ မောင်မောင်သိုက်၊ စံတိုး၊ ကျော်သောင်း၊ မောင်ကျော်ညွန့်၊ ယဉ်မင်းပိုက်၊ ကြီးမြင့်စော၊ ၀င်းဖေမြင့်၊ မုတ်သုန်၊ လှထွန်းအောင်၊ မမွှေး၊ ဘဌေးကြည်၊ သန်းမြင့်အောင်၊ ဇော်မောင်နဲ့ အခြားပန်းချီပညာရှင်တွေက ရေးဆွဲကြတာ ဖြစ်ပါတယ်။
သူတို့ရေးကြတဲ့ ရုပ်ပုံလွှာတွေ (ပေါ့ထရိတ်) တွေထဲမှာ - ထင်ရှားတဲ့ မြန်မာပုဂ္ဂိုလ်ကြီးများအနက် သခင်ကိုယ်တော်မှိုင်း၊ ဗိုလ်ချုပ်အောင်ဆန်း၊ ပေါ်ဦးသက်၊ ဗဂျီအောင်စိုး၊ ရန်ကုန်ဘဆွေ၊ ဒေါက်တာသန်းထွန်း၊ ဦးဗကလေး စတဲ့ ပုံတူကားချပ်တွေ ပါဝင်ပါတယ်။ အဲသည်ထဲက စာရေးဆရာမကြီး ခင်မျိုးချစ် ပုံတူကို ပန်းချီ မမွှေး ဆွဲထားတာကို တွေ့နိုင်ပါတယ်။
(ဓာတ်ပုံ - အင်တာနက်)

Comments