male or female?

ထိုင်းဘောလုံးသမားတဦးကို မြန်မာတို့ ကျားမ မကွဲပြား
မိုးမခအထောက်တော် ရန်ကုန်
ဒီဇင်ဘာ ၃၁၊ ၂ဝဝ၉
အသက် ၂၄ နှစ်အရွယ် ထိုင်းဘောလုံးသမား KANJANA SUNG-NGOEN

ထိုင်း-မြန်မာ အမျိုးသမီးဘောလုံးပွဲတပွဲတွင် ထိုင်းအသင်းဘက်မှ ပါဝင်ခဲ့သည့် အားကစားသမားတဦးသည် အမျိုးသား ဖြစ်ဖွယ်ရှိသည်ဟု ရန်ကုန်မြို့ထုတ် ဂျာနယ်များတွင် ရေးသားထားကြသည်။

ထိုအားကစားသမားမှာ KANJANA SUNG-NGOEN ဟု အမည်ရပြီး လာအိုနိုင်ငံတွင် ဒီဇင်ဘာ ၆ ရက်နေ့က ပြုလုပ်သည့် ထိုပွဲစဉ်တွင် ပါဝင်ခဲ့သည်၊ ထိုပွဲတွင် မြန်မာ နှင့် ထိုင်းတို့ ၂ ဂိုးစီ သရေကျခဲ့သည်ဟု ဆိုသည်။

SUNG-NGOEN သည် တခြားသော ကစားသမားများထက် ဘောလုံးပညာ ပိုမိုကောင်းမွန်သည်ဟု ဆိုသည်။ သူ၏ လည်းပင်းတွင်လည်း ဇလုပ်ရှိသည်ဟုလည်း ဆိုသည်။

ထိုအချက်များကြောင့် သူ့ကို အမျိုးသားတဦးဖြစ်ဖွယ်ရှိသည်ဟု သံသယ ၀င်ခဲ့ကြခြင်း ဖြစ်သည်။

သူသည် အမျိုးသားတဦးဖြစ်သော်လည်း အမျိုးသမီးအဖြစ် ခွဲစိတ်ပြုပြင်ထားသူ ဖြစ်မည် ဟု တချို့က ယူဆနေကြသည်။

၂၅ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ဒေသတွင်းမှ အမျိုးသမီးအသင်းများ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး မြန်မာအသင်းက တတိယ၊ ထိုင်းအသင်းက ဒုတိယ ရခဲ့သည်။

အမျိုးသားတဦးဖြစ်သည်ဟု တချို့က ယုံကြည်နေကြသည့် SUNG-NGOEN ကို မြန်မာနှင့် ကစားသည့်ပွဲတွင် တွေ့ရသော်လည်း တခြားအသင်းများနှင့် ယှဉ်ပြိုင်သည့် ပွဲစဉ်များတွင် ပါဝင်ခြင်းမရှိဟု ဆိုသည်။

စုံစမ်းစစ်ဆေးမှုများ ပေါ်ပေါက်လာခြင်း မရှိသေးသဖြင့် SUNG-NGOEN သည် အမျိုးသမီး အစစ် ဟုတ်မဟုတ် အဖြေမပေါ်သေးပေ။

အမျိုးသမီးအစစ်မဟုတ်ဟု အဖြေထွက်ခဲ့ပါက ထိုင်းအသင်းသည် ဒုတိယ ငွေတံဆိပ်ဆု ဆုံးရှုံးမည် ဖြစ်သည်။ ကြေးတံဆိပ်ရ မြန်မာအမျိုးသမီးအသင်းက ထို ငွေတံဆိပ်ဆုကို လွဲပြောင်းယူရမည်ဖြစ်သည်။

Comments