Yar Ma Nya War so - on behalf of our brother

Kyae Thee
ကိုယ်စား
ရာမည၀ါဆို
ဇန်န၀ါရီ ၂၉၊ ၂၀၁၀
ကျွန်ုပ်ဗိုက်ရွှဲရွှဲနဲ့      အမှိုက်လှဲကာ
လူ့ပြည်အရေးအတွက်    ကုဋီဆေးကာ
ဖြေလည်း မဆုံပေမဲ့  
ပြည်(ပြေ) အတွက်ကျေနပ်လို့ငိုခဲ့။

တနေကုန် ရွှေရက်ကို  နေတတ်ခဲ့ကြတယ်
ဘုရားခန်း ... ဘုန်းတော်ကြီးကျောင်း ...
အမှိုက်လှဲ ကုဋီဆေးလို့ 
အဖွဲ့လိုက်ကလဲ ဆွမ်းကပ်   လွမ်း (လွန်း)
ရက်တရက်မှာ ... ပျော်စရာ။

လန်းဆန်းနေတဲ့ ငြိမ်သက်နေတဲ့
ပတ်ဝန်းကျင် ... အားလုံးက ....
ခင်ဗျားကို ဒီခဏပြန်လာပါလို့ ဖိတ်ခေါ်နေသလိုလို။

တံပြက်စည်း တချက်လှဲတိုင်း ပေါ့ပေါ့ပါးပါး
လုပ်သမျှ အကြောင်းရင်းခံကို သိနေတာမို့ လေ...
စားပွဲခုံကို မပြီး      ကိုယ်စီကိုယ်စီ တစိတ်ထားကာ
ဘုန်းကြီးများရှေ့ကိုချတယ်
လုပ်သမျအားလုံးကတော့ ဖြေးဖြေးလျှောလျှောာပါပဲ။

ဒါပေမဲ့ ...
ပီတိလား
သတိလား
အသိလား
သတ္တိလား
ဘာတွေလဲတော့ မသိဘူး
အဲဒီအချိန်မှာ ဆရာတော်ကြီးရဲ့ ပြောသံကိုကြားလိုက်ရတယ်
အာယု … ၀ဏ္ဏ … သုခံ … ဗလံ ... တဲ့
အစ်ကိုကိုယ်စား။

Comments