MoeMaKa and its Friends pay respect to U Win Pe as senior Burmese artist

မိုးမခမီဒီယာနှင့် မိတ်ဆွေများ၏ သက်ကြီးစာပေပညာရှင် ဒါရိုက်တာဝင်းဖေကို ဂါရ၀ပြု
မိုးမခ
ဖေဖော်ဝါရီ ၂၅၊ ၂၀၁၀
ဖေဖော်ဝါရီ ၂၃၊ အင်္ဂါနေ့က အမေရိကန်ပြည်၊ မေရီလန်းဒေသတွင် နေထိုင်သူ စာရေးဆရာ၊ ပန်းချီဆရာ၊ ဒါရိုက်တာ ဦးဝင်းဖေကို မိုးမခမီဒီယာနှင့် မိတ်ဆွေများကိုယ်စား စာရေးဆရာမ မေငြိမ်းနှင့် ကဗျာဆရာမ စမ်းစမ်းတင်တို့က သက်ကြီးစာပေပညာရှင်တဦးအဖြစ် အမှတ်တရ သွားရောက်ဂါရ၀ပြုခဲ့ကြသည်။ ဆရာ့အတွက် မိုးမခမိတ်ဆွေများ၏ ၂၀၁၀ သက်ကြီးဂါရ၀အမှတ်တရ ဓာတ်ပုံပန်းကန်ပြားလက်ဆောင်နှင့် အလှူငွေ ဒေါ်လာ ၅၅၀ ကို ကန်တော့ခဲ့ကြသည်။
ဖေဖော်ဝါရီ ၂၀ ရက်နေ့ကလည်း အမေရိကန်ပြည် နဗားဒါးဒေသ၊ လာ့စ်ဗေးဂတ်စ်မြို့တွင် နေထိုင်သူ သက်ကြီးစာပေပညာရှင် စာရေးဆရာ မောင်သာရသို့ အထက်ဖော်ပြပါလက်ဆောင်တို့ကို စာတိုက်မှဖြင့် တဆင့်ပေးပို့ပြီး အဝေးမှ ဂါရ၀ပြု ကန်တော့ခဲ့ကြပြီး ဖြစ်သည်။ ဆရာမောင်သာရနေထိုင်ရာမြို့တွင် မိုးမခမိတ်ဆွေများဖြင့် ကန်တော့ပွဲကို စီစဉ်ရန် အချိန်မရခဲ့သဖြင့် ထိုသို့ စီစဉ်ခဲ့ရခြင်း ဖြစ်သည်။
လာမည့် ဖေဖော်ဝါရီလ ၂၈ ရက်တွင် အမေရိကန်ပြည် နယူးယောက်မြို့တွင် နေထိုင်သူ သက်ကြီးစာပေပညာရှင် စာရေးဆရာ၊ ကဗျာဆရာ၊ ဝေဖန်ရေးဆရာ မောင်စွမ်းရည်ကို ဒေသခံ မိုးမခမိတ်ဆွေများ၊ အနုပညာရှင်များနှင့် စာပေချစ်သူများကလည်း စုဝေးပြီး ဂါရ၀ပြုရန် စီစဉ်ထားပြီး၊ စိတ်ဝင်စာသူများအားလုံးထံ အောက်ပါဖိတ်စာကို လက်ဆင့်ကမ်းထားသည်ကို တွေ့ရသည်။
Sample Image
 
အင်ဒီယာနာပြည်၊ ဖို့ဝိန်းမြို့မှာ နေထိုင်သူ ဂီတပညာရှင်၊ အဆိုတော် ဒေါ်မာမာအေးအတွက် ဂါရ၀ပြူအစီအစဉ်ကို မတ်လ ၆ ရက်နေ့တွင် ၎င်း၏နေအိမ်မှာ စီစဉ်ထားကြောင်း၊ မိုးမခ၏ မိတ်ဆွေ၊ ၀ိုင်းတော်သားများဖြစ်သူ ကဗျာဆရာ အောင်ဝေးနှင့် ကဗျာဆရာ ဆောင်းယွန်းလတို့က ၀ိုင်းဝန်းကူညီ ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း သိရှိရသည်။
(ဓာတ်ပုံ - ဆရာဦးဝင်းဖေနှင့်အတူ တွေ့ရသော ဆရာမ မေငြိမ်းနှင့် ဆရာမ မစမ်းစမ်းတင်။ မိုးမခ ယာယီရုံးခန်းက ဆရာတို့၏ အမှတ်တရ ဖိုတိုပလိတ်ပြား)

Comments