Pann Thee - Joke of Life 5

ကျနော်တို့ဘ၀ အမှတ်တရဟာသများ - ၅
ပန်းသီး
ဒီဇင်ဘာ ၃၀၊ ၂၀၁၀
ကျနော်တို့ ဗီယက်နမ်ကိုသွားတုန်းက အမှတ်တရလေးပေါ့။ ဗီယက်နမ်ကိုရောက်တော့ ည(၁၀) လောက်ရှိပြီလေ။ ပင်ပန်းနေပြီဆိုတော့ ညစာထမင်းမစားတော့ဘဲ အိပ်တော့မယ်ဆိုပြီး အဖွဲ့သားတွေတညီတညာထဲဆုံးဖြတ်ကြတယ်လေ။
ဒါပေမယ့် ကျနော်စိတ်ထဲမှာ မနက်စာကျွေးတဲ့အချိန်မှာ အဖွဲ့သားတွေကိုကြွားဖို့ဆိုပြီး အကြံစည်တခုကြံစည်ခဲ့တယ်။
အဲဒီအကြံစည်က မနက်စာစားတဲ့အခန်းအ၀င်မှာ ဗီယက်နမ်ကောင်မလေးတွေကို ဗီယက်နမ်လိုနှုတ်ဆက်ဖို့ပါဘဲ...
ဒီလိုနှုတ်ဆက်တာနဲ့ အဖွဲ့သားတွေကအံ့သြမယ် ဗီယက်နမ်ကောင်မလေးတွေက သူတို့စကားပြောတတ်တယ်ဆိုပြီး
အထင်ကြီးမယ် စိတ်ကူးကတော့ကွက်တိဘဲဗျ။
ဒီအစီစဉ်အောင်မြင်ဖို့အတွက် မင်္ဂလာပါကို ဗီယက်နမ်လိုဘယ်လိုခေါ်သလဲဆိုတာ အရင်ဆုံးလေ့လာခဲ့ရတယ်။
ဗီယက်နမ်လို မင်္ဂလာပါဆိုတာ (ဆင်ကြောင်) လို့ခေါ်သတဲ့ဗျာ......
လွယ်လိုက်တာ ဆင်နဲ့ကြောင်မှတ်ထားလိုက်ရင် ဗီယက်နမ်လို မင်္ဂလာပါပေါ့ ......ကျနော်အရမ်းပျော်သွားတယ်။
မနက်ကျရင်ကျနော်အကြံအစည်အောင်ပြီပေါ့။
ဒီလိုနဲ့ မနက်လဲရောက်ရော အဖွဲ့သားတွေအားလုံး မနက်စာစားဖို့ မနက်စာအခန်းထဲကိုသွားကြတာပေါ့။
အခန်းရောက်ခါနီးမှာ အားလုံးရှေ့ကိုကျော်တတ်သွားပြီး အခန်းရှေ့မှာကြိုနေတဲ့ ဗီယက်နမ်ကောင်မလေးတွေကို အသံကျယ်ကျယ်နဲ့ ကျနော် ဗီယက်နမ်လို အားပါးတရနှုတ်ဆက်လိုက်ပါတယ်။
ကြောင်ဆင်.....ကြောင်ဆင်....ကြောင်ဆင်......ကြောင်ဆင်...........(မင်္ဂလာပါပေါ့)
အဲဒီမှာကောင်မလေးတွေက ရယ်ပြီးတော့ ကျနော့်ကို...NO ..NO ကြောင်ဆင်...ကြောင်ဆင်...
YES.. ဆင်ကြောင်..ဆင်ကြောင်....လို့ ပြန်ပြောလိုက်ပါတယ်။
ဒီအချိန်မှာအဖွဲ့သားတွေက ခွက်ထိုးခွက်လန်ရယ်ပါလေရာဗျာ....ဘာဖြစ်လို့ရီသလဲလို့ စဉ်းစားလိုက်တဲ့အချိန်မှာ..
ဆင်ကြောင်လို့ ပြောရမယ့်အစား ... ကျနော်က ကြောင်ဆင်..ဆိုပြီး ပြောင်းပြန်ပြောလိုက်ခြင်းကြောင့် ဖြစ်ပါတယ်ခင်ဗျား.....
ခုချိန်ထိ ဆင်ကြောင်နဲ့ ကြောင်ဆင် ဘယ်ဟာကအမှန်လဲဆိုတာ… မသိတော့ပါဘူးဗျာ....
မောင်ပန်းသီး (သီးလေးသီး)

Comments