is North Korean Gov running a restaurant in Rgn?



မြောက်ကိုရီးယားတို့ ရန်ကုန်မြို့တွင် စားသောက်ဆိုင် ဖွင့်ထားသလော
မိုးမခအထောက်တော် အမှတ် ၀၀၈
ဇွန် ၃၀၊ ၂၀၁၁


ရန်ကုန်မြို့ရှိ Koryo စားသောက်ဆိုင်သည် မြောက်ကိုရီးယားတို့ ဖွင့်ထားသည့် စားသောက်ဆိုင် ဖြစ်သည်ဟု မဇ္စျိမ သတင်းဌာန ၀က်ဆိုက်တွင် အင်္ဂလိပ်ဘာသာဖြင့် ရေးသား ဖော်ပြထားသည်။

Koryo စားသောက်ဆိုင်သည် ဗဟန်းမြို့နယ် ဆရာစံလမ်းတွင် တည်ရှိသည်ဟု ဆိုသည်။

အဆိုပါ စားသောက်ဆိုင်ကို မြောက်ကိုရီးယားအစိုးရက စီစဉ်ဖွင့်လှစ်ထားခြင်း ဖြစ်သည်ဟု အစိုးရနှင့်နီးစပ်သည်ဟု ဆိုသော အမည်ဖော်မထားသည့် သတင်းရင်းမြစ်တခုကို ကိုးကား ဖော်ပြထားသည်။

ဆိုင်တွင် မြောက်ကိုရီးယား ၁၅ ဦး လုပ်ကိုင်နေသည်ဟု ဆိုသည်။

ဆိုင်ကို ဦးစီးသူများမှာ မြောက်ကိုရီးယားများ ဖြစ်သည်ဟူသော အမည်မဖော်သည့် ဆိုင်ဝန်ထမ်းတဦး၏ အပြောကို ကိုးကား ဖော်ပြထားသည်။

ဆိုင်ရှင် သို့မဟုတ် ဆိုင်တာဝန်ခံတို့နှင့် ဆက်သွယ် မေးမြန်းထားခြင်း မရှိကြောင်း တွေ့ရသည်။

Koryo သည် သက္ကရာဇ် ၉၁၈ မှ ၁၃၉၂ အထိ တည်ရှိခဲ့သော ကိုရီးယား မင်းဆက် အုပ်စိုးခဲ့သည့် ခေတ်၏ အမည် ဖြစ်သည်။ မြောက်ကိုရီးယားနိုင်ငံပိုင် လေကြောင်းလိုင်းတစ်ခု၏ အမည်လည်း ဖြစ်သည်။

Comments