Than Htay maung - IF

အကယ်၍
သန်းဋ္ဌေးမောင်
ဇွန် ၃၀၊ ၂၀၁၁
အကယ်၍ 
အကျဉ်းထောင်တခုတွင်
ယုံကြည်ချက်အတွက် အကျဉ်းကျခံနေရသူတဦး ရှိနေလျှင် ...

အကယ်၍
နိုင်ငံသားတဦးသည်
လူ့ အခွင့်အရေးတို့  ဆုံးရှုံးပြီး  စိတ်သောကရောက်နေရပါလျှင် ...

အကယ်၍
တဦးတယောက်၊ အဖွဲ့ တဖွဲ့ မှ 
နိုင်ငံတော်အာဏာကို ချုပ်ကိုင်၍ ဗိုလ်ကျစိုးမိုးနေပါလျှင် ...

အကယ်၍ ...
အကယ်၍ ...
အကယ်၍ ...တို့ ရှိနေသေးလျှင် ...

ထိုနိုင်ငံသည်
မသန့် ရှင်းသောအစိုးရ၏ ညံ့ဖျင်းသော အုပ်ချုပ်ရေးတို့ ဖြင့်...
မည်သူတဦးတယောက်မျှ မလွတ်လပ်သေးပေ ... ...။

(သရုပ်ဖော် သန်းဋ္ဌေးမောင်)

Comments