Overseas Buremse from Newtork & Utica rasied US$ 310 for political prisoners

ယူတီကာနယူးယောက်က ဆရာတော်ဦးပညာနန္ဒကတဆင့် မြန်မာတို့ အကျဉ်းကျသံဃာကို ကူ
မိုးမခ၊ ဇူလိုင် ၃၀၊ ၂၀၁၁
မြန်မာစစ်အစိုးရ ဖမ်းဆီးချုပ်နှောင်ထားတဲ့ နိုင်ငံရေးအကျဉ်းသား တိုင်းရင်းသား ၁၄ဦးအတွက် အရေးပေါ်ကူငွေနဲ့ အကျဉ်းကျသံဃာတော်တွေအတွက် ပစ္စည်းလေးပါး ထောက်ပံ့လှူဒါန်းငွေတွေကို နယူးယောက်၊ ယူတီကာက ဆရာတော်ဦးပညာနန္ဒက နီးစပ်ရာ အလှူခံခဲ့ရာမှာ အမေရိကန်ဒေါ်လာငွေ ၃၁၀ လောက် ရခဲ့တယ်။ မြန်မာပြည်တွင်းက ရဟန်းတော်များအတွက် ထောင်ဝင်စာအရေး ဝေယျာဝစ္စ စေတနာ့ဝန်ထမ်းလုပ်ဆောင်သူ ဒကာမကြီးကတဆင့် ပေးပို့ လှူဒါန်းနိုင်ခဲ့တယ်လို့ သိရပါတယ်။
ပြည်ပရောက်နေတဲ့ မြန်မာပြည်သူတွေရဲ့ နီးစပ်ရာ တယောက်တလက် လက်တွဲ ကူညီ ဆောင်ရွက်နေမှုများကို ၀မ်းမြောက်ကြစေရန် စုံစမ်းဖော်ပြလိုက်တာ ဖြစ်ပါတယ်။

Comments