Gaddafi family members flee to Algeria


ကဒါဖီမိသားစုဝင်တချို့ ပြည်ပထွက်ပြေး၊ ပုန်းနေသည့် ကဒါဖီကို ရှာမတွေ့သေး
အယ်လ်ဂျာဇီးယားသတင်းဌာန
သြဂုတ် ၃၀၊ ၂၀၁၁

ယမန်နေ့က ထရီပိုလီ ဆန္ဒပြပွဲတခုတွင် လစ်ဗျားအလံပုံစံ မိတ်ကပ်လိမ်းခြယ်နေသော အသက် ၂၀ အရွယ် ဆေးကျောင်းသူ Nasgb Abd (ဓာတ်ပုံ - AP)

လစ်ဗျားခေါင်းဆောင်ဟောင်း မစ္စတာ ကဒါဖီ၏ ဒုတိယဇနီး၊ သားနှစ်ဦး၊ သမီးတဦးတို့ အယ်လ်ဂျီးရီးယားတွင် ရောက်ရှိနေကြောင်း အယ်လ်ဂျီးရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနအဆိုအရ သိရသည်။

နိုင်ငံအတွင်းသို့ နံနက် ၈း၄၅ တွင် နယ်စပ်ဖြတ်ပြီး ရောက်ရှိလာကြောင်း နိုင်ငံခြားရေးဌာန၏ တနင်္လာနေ့ကြေညာချက်တွင် ဖော်ပြထားကြောင်း APS သတင်းဌာနက ဆိုသည်။

ကဒါဖီ မည်သည့်နေရာတွင် ရောက်ရှိနေသည်ဟူသော အချက်မှာ ပဟေဠိဖြစ်နေဆဲပင်။ ပြီးခဲ့သည့် ရက်သတ္တပတ် မြို့တော် ထရီပိုလီကို သူပုန်များ ၀င်ရောက်ပြီးနောက် ကဒါဖီ ပျောက်သွားခြင်း ဖြစ်သည်။

သူ၏ မိသားစုဝင်များ အယ်လ်ဂျီးရီးယားသို့ ရောက်ရှိလာခြင်းကို ကုလသမဂသို့ အသိပေးထားကြောင်း၊ လစ်ဗျားအစိုးရသစ်အဖြစ် ကျယ်ကျယ်ပြန့်ပြန့် အသိအမှတ်ပြုခံနေရသော အမျိုးသား အသွင်ကူးပြောင်းမှု ကောင်စီကိုလည်း အသိပေးထားကြောင်း
အယ်လ်ဂျီးရီးယားက ပြောသည်။

ထိုကောင်စီ၏ စစ်ဘက်ဆိုင်ရာပြောခွင့်ရအရာရှိက အယ်လ်ဂျီးရီးယား၏ လုပ်ရပ်ကို အံ့သြမိသည်ဟု ပြောဆို ကန့်ကွက်လိုက်သည်။

အယ်လ်ဂျီးရီးယားက လစ်ဗျားအစိုးရက အသိအမှတ်မပြုသည့် နိုင်ငံဖြစ်သည်။

Comments