One Day of Phyu Phyu Thin with HIV/AIDS Shelter

 မဖြူဖြူသင်းရဲ့ တနေ့တာ (ဖေ့စ်ဘွတ်အယ်လဘန်)
မိုးမခ၊ သြဂုတ် ၃၁၊ ၂၀၁၁
[[ မနက်မိုးလင်းလို့ ရောင်နီသမ်းပြီဆိုတာနဲ့ သူမဟာ ဖုန်းတစ်လုံးနဲ့ အလုပ် စတင်လုပ်ရပါတော့တယ်။ ဒီနောက်မှာတော့ သူ့ဆီလာရောက်ဆက်သွယ်ကြတဲ့ လူနာများကို လုပ်ငန်းစဉ်အလိုက် သက်ဆိုင်ရာ လုပ်ငန်းတွေလုပ်ဆောင်နိုင်ဖို့ စီစဉ်ညွှန်ကြားရပါတယ်။ ကျွန်တော် သူမကို တွေ့လိုက်ချိန်မှာ သူမမျက်နှာမှာ အမြဲတန်းအပြုံးပန်းလေးကို ပန်ဆင်ထားတာကိုတွေ့ရပါတယ်။ သူမဟာ လူနာတွေနဲ့ တွေ့ တဲ့အချိန်မှာ ဆိုရင် ပို ပြီးတော့ ကျက်သရေရှိလှပါတယ်။ ]]
  
HIV/AIDS Preventation & Care လို့ အမည်ပေးထားတဲ့ ဖေ့စ်ဘွတ်ပိတ်ဂ်ျ ပိုင်ရှင် ကျော်အောင် က ဆိုထားတယ်။ ပြီးတော့ ဖြူဖြူသင်းရဲ့ ဓာတ်ပုံတွေကို တင်ထားတယ်။ သူတို့ရဲ့ စောင့်ရှောက်ရေးဂေဟာ အတွင်းမြင်ကွင်းကို ဖော်ပြထားတယ်။ အဲသည် ဖေ့စ်ဘွတ်စာမျက်နှာမှာ သူတို့ကို ရှာဖွေပါ။ သင့်ကိုယ်သင်လည်း ရှာဖွေပါ။

Comments