ဒေါက်တာသန်းထွဋ်အောင်သို့ အိတ်ဖွင့်ပေးစာ
တူမောင်ညို
စက်တင်ဘာ ၂၇၊ ၂၀၁၁
(၂၆ စက်တင်ဘာ) မနေ့က
ရန်ကုန်မြို့မှာ လူ၂၀၀ ခန့်ပါဝင်တဲ့ စီတန်းလှည့်လည်တဲ့ ဆန္ဒဖေါ်ပြပွဲတစ်ခုပေါ်ပေါက်ခဲ့ပါတယ်။
၂၀၀၇ခုနှစ်၊ ရွှေဝါရောင်နှစ်ပတ်လည် အထိမ်းအမှတ်လို့ ပြောသူကပြောပါတယ်။ အဝါရောင်တီရှပ်တွေလည်းတူညီဝတ်ဆင်ထားကြပါတယ်။
ဒီပွဲမှာ နိုင်ငံရေးအကျဉ်းသားမိသားစုဝင်တွေ၊ ၈၈မျိုးဆက် ကျောင်းသားမိသားစုဝင်တွေ၊ အင်္ဂါဝတ်ပြုဆုတောင်းအဖွဲ့က
အဖွဲ့ဝင်တွေပါ တယ်လို့ ဆိုပါတယ်။
အဆိုပါဖြစ်ရပ်နဲ့ပတ်သက်ပြီးပြောကြသူတွေထဲမှာ (EMG)ရဲ့ (CEO) ဒေါက်တာသန်းထွဋ်အောင် ပြောတဲ့စကားတွေက သိပ်ကို တရားလွန် လွန်းပါတယ်။ဘယ်လောက်လွန်သလဲ
သိရအောင် သူပြောတာတွေကို အရင်ဖေါ်ပြပါမယ်။ ပြီးမှမေးခွန်း ထုတ်ကြတာပေါ့။
“မကြာမီမှာ လွတ်ငြိမ်းချမ်းသာခွင့်(Amnesty)
ရှိတယ်။ တိုင်းပြည်တည်ငြိမ်မှုနဲ့အတူ နိုင်ငံရေးအကျဉ်းသားတွေလွှတ်ဖို့ရှိတယ်။ မြစ်ဆုံ
ပြဿနာဖြေရှင်းဖို့ရှိတယ်။ မြစ်ဆုံပြဿနာကလည်း ပြေပြေလည်လည် ဖြစ်သွားမှာပါ။ လက်ရှိမြန်မာနိုင်ငံရေးရေချိန်က
Arab style uprising ဖြစ်စရာမရှိပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ကလည်း ဒီလိုပြောထားတယ်။
ဒီလိုဆန္ဒပြမှုတွေကို ဘယ်သူမှ မလုပ်စေချင်ဘူး။ တိုင်းပြည်မတည်မငြိမ်ဖြစ်ရင် ဒီမိုကရေစီအသွင်ကူးပြောင်းရေးနှောင့်နှေးသွားမယ်၊
နိုင်ငံရေးအကျဉ်းသားတွေအရေး နှောင့်နှေးသွားမယ်။ ဒါကို ဘယ်သူတွေကလုပ်ချင်နေကြတာလဲ။
သံဃာအရေးအခင်းနှစ်ပတ်လည်ပဲဖြစ်ဖြစ်၊ မြစ်ဆုံကိစ္စပဲဖြစ်ဖြစ် အခုချိန်မှာ ဘာဆန္ဒပြမှုကိုမှ
ကျွန်တော်မဖြစ်စေချင်ဘူး။ ‘လုံးဝ’ လက်မခံဘူး။ နောက်ကွယ်က အကြောင်းကိုဖော်ထုတ်ရမယ်။
ဘယ်သူတွေက လုပ်နေကြတာလဲ။ ဒါကို အကြောင်းပြပြီး နိုင်ငံတိုးတက်ရေး၊ အမျိုးသားပြည်လည်ရင်ကြားစေ့ရေးကို
နစ်နာအောင်လုပ်မယ်ဆိုရင်တော့ လွဲသွားလိမ့် မယ်”
ဟု Eleven Media
Group ၏ CEO ဒေါက်တာသန်းထွဋ်အောင်က ပြောကြားပါသည်’’
(CEO)
ရဲ့ပြောစကားအတိုင်းသာဆိုရင် ကျနော်တို့သည်ဘာမျှလုပ်စရာမလိုတော့ပဲ၊ ကိုယ့်အိမ်မှာကိုယ်
ငြိမ်ငြိမ်ကလေး ထိုင် စောင့်နေဖို့သာရှိတော့သည်။ လွတ်ငြိမ်းချမ်းသာခွင့်၊
နိုင်ငံရေးအကျဉ်းသားလွှတ်ရေး၊ မြစ်ဆုံပြသနာတွေ ပြေပြေလည်လည်ဖြစ်သွားမှာပါလို့ ခင်ဗျား
အာမခံ ချက်ပေးနိုင်သလား။
Arab
style uprising ဖြစ်စရာမရှိဘူး။ ဒီလိုဆန္ဒပြမှုတွေ ဘယ်သူမှမလုပ်စေချင်ဘူးဆိုတာ ဆန္ဒပဲဖြစ်တယ်။
မတရားမှုတွေ ရှိနေရင်၊ ဖိနှိပ်မှုတွေရှိနေရင် ဆန္ဒပြမှု၊ သပိတ်မှောက်မှု၊ တော်လှန်ပုန်ကန်မှုတွေ
ဖြစ်ပေါ်လာမှာပဲ။
ဖိရင်ကြွမှာပဲ။ ထိရင်ချရမှာပဲ။ ဒါက သဘာဝ။ ဒါဟာ ဘယ်သူတစ်ဦး တစ်ယောက်ရဲ့ စိတ်ဆန္ဒနဲ့မျှမသက်ဆိုင်ဘူး။
ဘယ်သူ တစ်ဦးတစ်ယောက်ရဲ့ စိတ်ဆန္ဒနဲ့လည်း တားဆီးပိတ်ပင်လို့မရနိုင်သလို၊ ပင့်ဖိတ်ခေါ်ယူတင်သွင်းချင်လို့လည်း
မရနိုင်ဘူးဗျ။
ခင်ဗျားတို့
ကျနော်တို့ပါဝင်လှုပ်ရှားခဲ့ကြဖူးတဲ့ “၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံကြီး” ဆိုတာ လူတစ်ဦးရဲ့
စိတ်ဆန္ဒနဲ့ပေါ်ပေါက် ဖြစ်ပွားခဲ့တာမဟုတ်ဘူး။ ပြည်သူလူထုတစ်ရပ်လုံးရဲ့ ၂၆နှစ် (မဆလ) တစ်ပါတီအာဏာရှင်စနစ်ရဲ့ဖိနှိပ်မှုကြောင့်
သဘာဝကျကျပေါ် ထွက်လာရတဲ့ တိုက်ရိုက်ရလဒ်ပဲ မဟုတ်လား။ မင်းမဲ့စရိုက်ဆူပူသောင်းကျန်းမှုမဟုတ်ဘူး။
တိုင်းပြည်မတည်မငြိမ်ဖြစ်ရင်
ဒီမိုကရေစီအသွင်ကူးပြောင်းရေး နှောင့်နှေးသွားမယ် နိုင်ငံရေးအကျဉ်းသားတွေအရေး နှောင့်နှေးသွားမယ်
ဆိုတဲ့ ဒီစကားက အုပ်စိုးသူတွေ ဖန်တရာတေအောင် ပြောနေတဲ့စကားပဲ။ ခင်ဗျားက အစိုးရ ‘ကလုံး’
မို့ ဒီစကားမျိုးပြောရတာ လား။ ဦးသိန်းစိန်အစိုးရက ဒီကိစ္စကို ဘာမှ လေသံမဟသေးဘူး။ ခင်ဗျားတို့က
စကားဦးသန်းနေတယ်။ မယ်ဘော်က ကဲပြနေသလို ဖြစ် နေတယ်။
တိုင်းပြည်မတည်မငြိမ်ဖြစ်ရတာ၊
ဒီမိုကရေစီအရေး နှောင့်နှေးနေရတာတွေဟာ ဒီလိုဆန္ဒပြမှုတွေကြောင့်လားတဲ့လား။
(EMG)
ထုတ်ဝေခွင့်ရေးသားခွင့်တွေရခဲ့တာ ခင်ဗျားတစ်ဦးချင်းတော်မှု၊ တတ်မှုတွေကြောင့်လား။ (နအဖ)
စစ်အစိုးရက စိတ်၊ စေတနာကောင်းမွန်စွာနဲ့ ခွင့်ပြုချက်ပေးသနားခဲ့လို့လား။
ဒါမှမဟုတ် လက်သီးလက်မောင်းတန်းပြီး ဆန္ဒပြခဲ့ကြတဲ့
အညတရတွေရဲ့ လမ်းမပေါ်က တိုက်ပွဲတွေကြောင့်လား။ ခင်ဗျား စဉ်း စဉ်းစားစားပြောပါဦး။ ခင်ဗျားအပြောက
အစိုးရကြည်ဖြူအောင်နေ၊ ရုတ်ရုတ် ရုတ်ရုတ်မလုပ်နဲ့ဆိုတဲ့ သဘောဖြစ်နေတယ်။ အစိုးရငြိုငြင်
သွားမှာကို တော်တော်အစိုးရိမ်ကြီးနေပုံရတယ်။
"သံဃာအရေးအခင်း နှစ်ပတ်လည်ပဲဖြစ်ဖြစ်၊ မြစ်ဆုံကိစ္စပဲဖြစ်ဖြစ်အခုချိန်မှာ
ဘာဆန္ဒပြ မှုကိုမှ ကျွန်တော်မဖြစ်စေချင်ဘူး။ ‘လုံးဝ’ လက်မခံဘူး။ " ဆိုတဲ့စကားက
သိပ်တရားလွန် လွန်းတဲ့စကားဖြစ်တယ်။ ပြုသမျှ နုပါ့မယ်လို့ ကြိုတင်ဝန်ခံချက်ပေးနေသလိုဖြစ်နေပါတယ်။
မြစ်ဆုံကိစ္စဆက်မလုပ်ဘူးလို့
ဦးသိန်းစိန်အစိုးရနဲ့ သက်ဆိုင်ရာဝန်ကြီးဌာနက တရားထုတ်ပြန်ကြေညာထားပြီလား။ ကျင်းပနေတဲ့
လွှတ်တော်ထဲမှာဆက်မလုပ်တော့ဘူးလို့ တရားဝင်ဆွေးနွေးဆုံးဖြတ်ချက်ချခဲ့ကြပြီလား။
အကယ်၍ပြည်သူအားလုံးရဲ့ဆန္ဒကို
ဆန့်ကျင်ပြီး ဧရာဝတီမြစ်ဆုံအရေးကို တနည်းနည်းနဲ့ဆက်လက် အကောင်အထည်ဖေါ်ဖို့ လွှတ်တော်နဲ့အစိုးရက
ဆုံးဖြတ်ချက်တွေချမှတ်လာခဲ့ရင်လည်း ဒီမိုကရေစီအသွင်ကူးပြောင်းရေးနဲ့တိုင်းပြည်ဖွံ့ဖြိုးရေးတွေ
နှောင့်နှေးကုန်မှာ စိုးလို့ဆိုပြီး လက်ပိုက်ထိုင်ကြည့်နေကြရမှာလား။
ဒီလိုမှမဟုတ်ရင်လည်း စက်တင်ဘာလ ၂၄ ရက်နေ့က
Parkroyal Hotel မှာ ခင်ဗျားပြောခဲ့သလို “ကျွန်တော်တို့ဟာ သမိုင်းအမှားကို မကျူးလွန်ရုံ မဟုတ်ဘဲ
သမိုင်းမှာ ပျက်ကွက်သူတွေမဖြစ်အောင်’’ ဘယ်လိုလုပ်ကြရင်ကောင်းမလဲ။
စတင်နေတဲ့ စကားပြောပွဲပဲဖြစ်ဖြစ်၊
အမျိုးသားပြန်လည်သင့်မြတ်ရေးပဲဖြစ်ဖြစ်၊ ဧရာဝတီမြစ်ဆုံအရေးပဲ ဖြစ်ဖြစ်၊ နိုင်ငံရေး
အကျဉ်းသားလွတ်မြောက်ရေးပဲဖြစ်ဖြစ်၊ ပြည်သူလူထုအင်နဲ့အားနဲ့ ပါဝင်လာမှသာ သိသာထင်ရှားတဲ့
အကောင်အထည် ရလဒ် ထွက်ပေါ် လာမှာပါ။ ဒီလိုမှ မဟုတ်ရင်တော့ ဝေ့လည်လည်ဇာတ် ပေရှည်နေပါလိမ့်ဦးမယ်။
ဒါပေမယ့် ဘယ်လိုပဲ
ဝေ့နေပါစေ၊ စကားပြောပွဲပဲဖြစ်ဖြစ်၊ အမျိုးသားပြန်လည်သင့်မြတ်ရေးပဲ ဖြစ်ဖြစ် (၂၀၀၈)
ဖွဲ့စည်းပုံအခြေခံ ဥပဒေကို လက်ခံမှာလား/လက်မခံဘူးလား ဆိုတဲ့အချက်အပေါ် မူတည်ပြီး အဆုံးအဖြတ်တွေပေးသွားကြရမှာဖြစ်ပါတယ်။
စေတနာစကားပြောရဦးမယ်။
ဧရာဝတီအရေးနဲ့ပတ်သက်ပြီးခင်ဗျားပြောနေတာတွေကောင်းပါတယ်။
အားလုံးကလည်း အားပေး နေကြတယ်။ ဒါပေမယ့် အခုလိုဖြစ်ရပ်တွေနဲ့ပတ်သက်လာရင်တော့ သတိထားပြီး
စကားပြောပါဗျာ။ ပြောပါများရင် စကားထဲ ကနေ ကိုယ့်ပင်ကိုယ်ဇာတိရုပ်ပေါ်တယ်။
စက်တင်ဘာ ၂၆ ရက်နေ့
လှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ ဦးဝင်းချို ရဲ့စကားနဲ့ နိဂုံးချုပ်ပေးလိုက်ပါတယ်။
“ကျနော်တို့ ချောင်းရေက
သူ့ဘာသာသူ နောက်တာပါဗျာ။ နင်မဟုတ်ရင် နင့်အဖေပဲလို့တော့ မပြောစေချင်ဘူး။ ကျနော်တို့
ရေသောက်ဆင်းမိပါတယ်။ (၀င်းချို)”
Comments
ဆန္ဒပြတယ်ပဲပြောပြော၊ ဝတ်ပြုဆုတောင်းတယ်ပဲဆိုဆို ဒီမိုကရေစီနည်းလမ်းတကျနဲ့ တိုင်းပြည်အတွက် စေတနာမှန်တဲ့ လုပ်ရပ်ကောင်းဖြစ်ဖို့သာ အဓိကကျတယ်။
ခြွင်းချက်တွေ အရမ်းများနေတဲ့ လက်ရှိဥပဒေတွေအစား ပွင့်လင်းမြင်သာမှုရှိတဲ့ စစ်မှန်တဲ့ဒီမိုကရေစီရဖို့ လမ်းဖောက်ပေးတဲ့သူတွေ ပိုလိုအပ်တယ်။
မြန်မာပြည်အစိုးရရဲ့ ဒီမိုကရေစီဆိုတာ ဘာလဲ ဘယ်လဲ?
ဒီမိုကရေစီကို ထူထောင်ပါမယ်ဆိုတဲ့ နိုင်ငံမှာ ပြည်သူတွေလိုအပ်ရင် ဆန္ဒဖော်ထုတ်နိုင်အောင် ဒီမိုကရေစီနည်းလမ်းကျကျ ဆန္ဒပြပွဲတွေကို ခွင့်ပြုဖို့ အစိုးရက ဥပဒေထုတ်ပြန်ပေးဖို့ သင့်ပြီ။
(၂၇၊ စက်တင်ဘာ၊ ၂၀၁၁ ည ၇း၃၀ အာအက်ဖ်အေမှ မနေ့က လှုပ်ရှားမှုနဲ့ ပတ်သက်ပြီး ဝေဖန်နေကြတဲ့အပေါ် ဦးဝင်းတင်ရဲ့ သဘောထား မေးမြန်းမှု အသံလွှင့်ချက်မှ)
သိပ်ကိုသဘောတူတယ်။ ကိုယ်ချင်းစာတရားနဲ့ဘက်ပေါင်းစုံက ဆင်ခြင်စဉ်းစားပေးနိုင်ဖို့တော့ လိုလိမ့်မယ်။
“ရိုးရိုးအကျဉ်းသားတွေအတွက် သက်သက် ရည်ရွယ် ထုတ်ပြန်တဲ့ ဒီ လွတ်ငြိမ်းချမ်းသာခွင့် ပေးတာမျိုးဟာ တကယ့် ပြောင်းလဲတာလို့ မခေါ်နိုင်ပါဘူး။ ဒီမိုကရေစီရေး ပြောင်းလဲမှု လုပ်ငန်းစဉ်အတွက် အရေးအကြီးဆုံးက နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးတာမျိုးပါ။ မြန်မာနိုင်ငံမှာ နိုင်ငံရေး အကျဉ်းသား ထောင်နဲ့ချီ ရှိနေပေမဲ့ ဒီ လွတ်ငြိမ်းချမ်းသာခွင့်ကြောင့် လွတ်လာတဲ့သူက ၄၀ လောက်ပဲ ရှိပါတယ်။ နိုင်ငံတကာကလည်း ဒါကိုပဲ လွှတ်ပေးဖို့ တောင်းဆိုနေတာမို့ မြန်မာအစိုးရ အနေနဲ့ အားလုံးကို ခြွင်းချက်မရှိ လွှတ်ပေးဖို့ တောင်းဆိုပါတယ်။”
တိုင်းပြည်တကယ်လွတ်လပ်နေရင် တရားဥပဒေအထက်မှာ
ဘယ်သူမှမရှိရင် ဘယ်သူမှ အလုပ်ရှုပ်ခံ ကိုယ့်ထမင်းကိုယ်စားပြီး
ဆန္ဒထွက်ပြမှာမဟုတ်ဖူး
အခုလောက်တိုင်းပြည်ပြောင်းလဲလာတာ ၈၈ ခုနှစ်တည်းက မငြိမ်မသက်ဖြစ်ခဲ့တဲ့ အကျိုးကျေးဇူးပါ။ အခုနေ ဒေါ်စု လဲမရှိ၊ NLD လဲ မရှိ တိုင်းပြည် တခုလုံးငြိမ်နေကြည့် ပါလား လက်ရှိအစိုးရ အာဏာရှင် ချက်ခြင်းပြန်ဖြစ်သွားမယ်.
Whatever you wrote in your articles which are your negative point of view. You should listen to RFA with the people from Burma. We need time and we have to agree with not only Daw Aung Sann Su Kyi but also U Win Tin. We do not want to change Burma like Lybya, If you people want to protest like Lybya, you should better go back to Burma and do it. And also listen to Peter Linn Pin who returned to Burma. Even he used to live in US, he did not take any advantage from US. You should better ask yourself, what you did. We agree with Peter Linn Pinn and Dr. Than Htut Aung. We will support Daw Aung Sann Su Kyi.
Whatever you wrote in your articles which are your negative point of view. You should listen to RFA with the people from Burma. We need time and we have to agree with not only Daw Aung Sann Su Kyi but also U Win Tin. We do not want to change Burma like Lybya, If you people want to protest like Lybya, you should better go back to Burma and do it. And also listen to Peter Linn Pin who returned to Burma. Even he used to live in US, he did not take any advantage from US. You should better ask yourself, what you did. We agree with Peter Linn Pinn and Dr. Than Htut Aung. We will support Daw Aung Sann Su Kyi.