Maung Thaw Ka - Essay

ယမကာညနေခင်း (၂)
မောင်သော်က
နိုဝင်ဘာ ၂၉၊ ၂၀၁၁



အသက်ကြီး၍ ပင်စင်ယူခါနီး မှ သင်တန်းတက်နေရသည့် အယ်ဒီတာကြီးနှင့် တပ်မတော်မှ ပင်စင်နာအရာရှိကြီးတဦးတို့ ထုံးစံအတိုင်း စနေနေ့ညနေဆိုလျှင် ဂလက်စ်မော့ကြရန် ရောက်လာကြစမြဲဖြစ်သည်။

လာကြဗျို့ လာကြ။ ဟိုနေ့က လက်ကျန်ကလေးရှင်းလိုက်ကြရအောင်။ ခင်ဗျားတို့ကို စောင့်နေတယ် ။

ခင်ဗျားတို့ကိုစောင့်နေတယ်ဆိုတော့ ကျွန်တော်တို့မလာရင် ခင်ဗျားက မသောက်တော့ဘူးလား။

သော် ။ ။ အဖော်မရှိရင်တော့ မသောက်ဖြစ်တာများပါတယ်။ ယမကာဆိုတာ ဉာဏ်ရည်ချင်းအဆင့်ညီတဲ့ အပေါင်းအဖော်များနဲ့ တစိမ့်စိမ့် သောက်ရမှ အရသာထူးတာမျိုးမဟုတ်လား။ တစ်ယောက်တည်းသောက်ရတာတော့ ခြောက်ကပ်ကပ်နိုင်လွန်းလို့ မသောက်ဖြစ်ပါဘူး။ ကျွန်တော်ထင်ပါတယ်။ တနှစ်မှာ ရက်ပေါင်းတစ်ရာလောက်ကတောမသောက်ဖြစ်ပါဘူး။

အယ် ။ ။ သတင်းထူးကလေးများ ဆွေးနွေးချင်တယ်ခင်ဗျာ။ ဆွေးနွေးရင်း ဂလက်စ်မော့ကြတာပေါ့။
သော် ။ ။ သတင်းဆွေးနွေးချင်ရင်တော့ ရပါတယ်။ ဒါပေမယ့် ဆွေးနွေးရမှာကတော့ စိတ်မကောင်းစရာသတင်းတွေဗျ။ ဆိုကြပါစို့၊ ညောင်ဦး မြို့အနီးမှာ ပျက်ကျသွားတဲ့လေယာဉ်ကိစ္စနဲ့ တိုင်းလုံးကျော်နစ်မြုပ်တဲ့ကိစ္စ။

ပင် ။ ။ ဟုတ်ပါ့ဗျာ။ ဒီအဖြစ်မျိုးကတော့ တတိုင်းပြည်လုံး ယူကျုံးမရ ဝမ်းနည်းကြရတဲ့ကိစ္စပေပဲဗျ။
သော် ။ ။ ဝမ်းနည်းနေကျရုံနဲ့လည်း မပြီးသေးဘူးခင်ဗျ။ မတော်တဆဖြစ်ပွားမှုတွေ ကြုံကြိုက်တိုင်း ကျွန်တော်တို့က ဒီပေါ်မှာသင်ခန်းစာ ယူနိုင်ကြရမယ်။ ဒီလိုမတော်တဆဖြစ်ပွားမှုတွေနောက်ထပ်တခါ မပေါ်ပေါက်ရအောင် ဘယ်လိုအစီအစဉ်တေချမယ်၊ ဘယ်လိုကြိုတင် ကာကွယ်မှုတွေလုပ်ရမယ်။ ဘယ်သူတွေ မှာတာဝန်ရှိတယ်၊ ဘယ်သူတွေမှာဖြင့် အရေးယူသင့်တယ်၊ ဘယ်သူတွေကိုဖြင့် ချီးကျူးဂုဏ်ပြု ရမယ်ဆိုတာမျိုးတွေကို အတိအကျသိရမှ သေသွားတဲ့လူတွေအပေါ်မှာ တပိုင်းတစ တာဝန်ကျေရာကျမယ်။ အရင်နှစ်များဆီက သံတွဲမြို့ အနီးမှာ အိတ်က်စ်ဝိုင်အေဒီအမ်ဆိုတဲ့ ဖော်ကာတစင်းပင်လယ်ထဲ ပျက်ကျခဲ့ဖူးတယ်။

ကျွန်တော်တို့ဆီမှာ လေကြောင်းနှင့်ရေကြောင်း ကယ်ဆယ်ရေးတပ်ဖွဲ့ (Air Sea Resue Squad) ဖွဲ့စည်းထားရှိသင့်ပြီလို့ ကျွန်တော် လုပ် သားပြည်သူနေ့စဉ်သတင်းစာမှာ ရေးသားတင်ပြခဲ့ဖူးပါတယ်။ နောက်ပြီး အဲဒီမှာ လေယာဉ်မယ်တင်တင်လှိုင်ဟာ ခရီးသည်တွေလွတ် မြောက်သည်အထိ တာဝန်ကျေပွန်စွာ အမှုထမ်းဆောင်ရင်း သေဆုံးသွားခဲ့ရရှာတဲ့အတွက် သူ့ကိုချီးကျူးဂုဏ်ပြုသင့်တယ်။ ဆုတံဆိပ် ချီး မြှင့်သင့်တယ်လို့ ကျွန်တော်ရေးသားခဲ့ပါတယ်။ ကိုယ့်တာဝန်ကိုယ် အတိုင်းထက်အလွန် ကျေပွန်ခဲ့ရင်၊ ကိုယ့်အသက်ကို ပဓာနမထားဘဲနဲ့ အများအသက်ကိုကယ်နိုင်ခဲ့ရင် နေရာတကာမှာ ဂုဏ်ပြုချီးကျူးသင့်ပါတယ်။

အယ် ။ ။ ဒီကိစ္စမှာတော့ သတ္တိရှင်ကိုရွေးဖို့မလွယ်ဘူးခင်ဗျ။ လေယာဉ်ပျံကိစ္စဟာ ဗြုန်းစားကြီးဖြစ်လိုက်တာဆိုတော့ ဘာမှလုပ်ကိုင်ဆောင် ရွက်ချိန် ရလိုက်မှာမဟုတ်ပါဘူး။
ပင် ။ ။ ဟုတ်တယ်။ ဒါပေမဲ့ ဘာကြောင့် ဒီလိုဖြစ်ရတယ်၊ ဘယ်သူတွေမှာ တာဝန်ရှိတယ်ဆိုတာတော့ စုံစမ်းရေးအဖွဲ့က စုံစမ်းထုတ်ဖော်ဖို့ လိုပါတယ်။ ရုရှပြည်က အဏုမြူဓာတ်ပေါင်းဖိုပေါက်ကွဲတဲ့ကိစ္စမှာ တာဝန်ရှိသူတွေကို အရေးယူခဲ့တယ်မဟုတ်လား။

သော် ။ ။ ဟုတ်ပါတယ်။ ဒီလိုကိစ္စမျိုးဖြစ်ခဲ့ရင် ဖြစ်ပြီးတာတွေအပေါ်မှာ သုံးသပ်ချက်ပြုပြီး၊ နောက်ထပ် အလားတူကိစ္စမျိုး မဖြစ်ပွားရလေ အောင် ပြုလုပ်ကြဖို့က အဓိကပါ။ ခုဟာက ဟိုပုံးမြို့အနီး မဲနယ်တောင်မှာ လေယာဉ်ပျက်ကျတဲ့ကိစ္စ ခံစားမှုဒဏ်ရာကမှ မကျက်သေးဘူး။ လေးလအတွင်းမှာ နောက်ထပ်တစင်း ပျက်ကျတယ်ဆိုတော့ သိပ်ကိုခံစားချက်ပြင်းထန်လွန်းအားကြီးရပါတယ်။ ကျွန်တော်တော့ ဒီနှစ် စာပေဟောပြောပွဲခရီးစဉ်မှာ လေယာဉ်ခရီးဆို ခပ်လန့်လန့်ပဲဗျ။
ပင် ။ ။ ခင်ဗျားကလည်း သတ္တိကြောင်ရန်ကောဗျာ။ လေယာဉ်ခရီး မသွားမဖြစ်တဲ့လူတွေလည်း ကိုယ်ချင်းစာပါဦး။ သဘောင်္ကကော ဘာ ထူးသေးလို့လဲ။

သော် ။ ။ သဘောင်္ကမှ အနည်းဆုံး အသက်ရှင်ဖို့ ကြိုးပမ်းခွင့်ရှိသေးတယ်ဗျ။ တိုင်းလုံးကျော်နစ်မြုပ်တဲ့ကိစ္စမှာ လူတရာကျော်အသက်ရှင် ကျန်နေခဲ့သေးတယ် မဟုတ်လား။ လေယာဉ်ပျံက ဖြစ်လိုက်ရင် စင်းလုံးကျွတ်လိုချည်းပဲ။
ပင် ။ ။ တိုင်းလုံးကျော်နစ်မြုပ်မှုမှာ သေသူဘယ်လောက်ရှိသလဲ။

အယ် ။ ။ အို ခင်ဗျားကလည်း ဘယ်သူကအတိအကျသိလို့ ဘယ်သူကထုတ်ပြန်ကြေညာမှာတဲ့လဲ။ သဘောင်္လက်မှတ်ရောင်းထားတာနဲ့ က တခြားစီပါ။ လူပိုတွေ၊ ဝန်ပိုတွေက အများကြီးဆိုပဲ။
သော်။ ။ တိုင်းလုံးကျော်နစ်မြုပ်တဲ့ကိစ္စကတော့ ဝမ်းနည်းစရာအကောင်းဆုံးပဲ။ ကမ်းနဲ့ကလည်း မနီးမဝေး၊ ရေတပ်စခန်းနဲ့ကလည်း နီးနီး လေးမို့ ဒါလောက်အသက်ရှင်ကျန်တာ တော်သေးတာပေါ့။ တိုးအေးနစ်မြုပ်တဲ့ကိစ္စတုန်းကလည်း လူတွေအတုံးအရုံးသေခဲ့ကြရပြီ။ တချို့ သောကိစ္စတွေမှာ သက်ဆိုင်ရာတာဝန်ခံသူတွေရဲ့ ရာဇဝတ်မှုထိုက်စေသည့်ပေါ့ဆမှု (Criminal Negligence) ဖြစ်ခဲ့လို့ရှိရင် ဒီတာဝန် ရှိသူတွေကို ပြတ်ပြတ်သားသား အရေးယူဖို့ကောင်းပါတယ်။ ဒါမှမဟုတ် မမျှော်မှန်းနိုင်တဲ့အကြောင်းအရာတရပ်ကြောင့် နစ်မြုပ်ရတယ်ဆို ရင်လည်း တရားနဲ့ပဲဖြေဖို့ထားလိုက်ပါ။ တခုခုတော့ ပြတ်ပြတ်သားသားသိသင့်ပါတယ်။

ပင် ။ ။ နေပါဦးဗျ။ နိုင်ငံခြားမှာကော ဒီလိုအဖြစ်ဆိုးများဖြစ်ပွားခဲ့ရင် ဘယ်လိုဆောင်ရွက်လေ့ရှိကြသလဲ။
သော် ။ ။ နိုင်ငံခြားမှာလည်း ဒီလိုအဖြစ်မျိုးမကြာခဏ ကြုံတွေ့ခဲ့ကြတာပါပဲ။ လေယာဉ်ပျက်၊ သဘောင်္နစ်၊ မီးရထားမှောက် စသည် ဖြင့်ပေါ့ဗျာ။ သူတို့ဆီမှာ ဖြစ်ဖြစ်ချင်း ပဏမစစ်ဆေးကြားနားမှု (PRELIMINARY HEARING) ပြုကြပါတယ်။ နောက်တာဝန်ရှိတဲ့ အဖွဲ့အ စည်း၊ ပုဂ္ဂိုလ်တို့ကို တရားခွင်မှာ စွဲချက်တင်ပြီး စစ်ဆေးစေပါတယ်။ အများပြည်သူရှေ့မှောက်မှာ စစ်ဆေးတဲ့ရုံးတံခါးဖွင့် (OPEN COURT) စစ်ဆေးခြင်းပါ။ အများပြည်သူအသက်နဲ့ပတ်သက်လာရင် တံခါးပိတ်စစ်ဆေးမှုမျိုးမပြုကြပါဘူး။ နောက်ပြီး အာမခံကြေး၊ လျော်ကြေး ကိစ္စ တွေကိုလည်း ဒီလိုပဲဆုံးဖြတ်ကြပါတယ်။ တတ်နိုင်သမျှ အချောင်သက်သက်မဲ့ မနစ်နာစေဖို့ ကြိုးစားနှစ်သိမ့်လေ့ရှိပါတယ်။ ဗြဟ္မစိုရ်တရား ဆိုတာ ဒီလိုလုပ်ရပ်တွေနဲ့ မှတ်ကျောက်တင်ကြည့်နိုင်ပါတယ်။

အယ် ။ ။ လေယာဉ်ပျံကတော့ ထိုင်ခုံနဲ့ခရီးသည်ကို အတိအကျတွက်လို့ရတယ်။ သဘောင်္ကတော့ စည်းကမ်းမရှိ တင်ကြတာပဲလား။
သော် ။ ။ တကယ်ကတော့ ကိုယ်တင်ချင်သလို တင်လို့ရတာမဟုတ်ပါဘူး။ ခရီးသည်တင်သဘောင်္တွေမှာ လူဦးရေကန့်သတ်ချက်စည်း ကမ်းတွေ ခရီးသည်တိုင်းအတွက် ထိုင်ခုံ သို့မဟုတ် အိပ်စင်တွေ အသက်ကယ်ပစ္စည်းတွေ အလုံအလောက်ပါရှိမှသာ ခရီးသည်တင် ဆောင်ခွင့်ရပါတယ်။ ကိုယ်တင်ချင်သလို ခရီးသည်တွေကိုတင်လို့မှ မရတဲ့ဥစ္စာ။

ပင်။ ။ ဟောဗျာ။ ကျွန်တော်တို့တွေ့နေရတာကတော့ ကုန်တွေကလည်းအပြည့်အသိပ်၊ ဝမ်းခေါင်းထဲမှာရော၊ ကုန်းပတ်ထက်မှာရော၊ ခရီး သည်တွေကလည်း အထက်ကုန်းပတ်၊ အောက်ကုန်းပတ်မှာ နေရာတိုင်းမှာ တိုးသိပ်လို့ တင်းကျမ်း။ အိမ်သာသွားချင်တာတောင် မနည်းတိုး ဝှေ့ကျော်လွှားပြီး ဒုက္ခကြီးစွာနဲ့ သွားရတာပါလား။
သော်။ ။ အဲဒါ ကိုလိုနီအမွေဆိုးတွေပေါ့ဗျာ။ အင်္ဂလိပ်လုပ်သွားခဲ့တာလေ။ သူတို့အင်္ဂလန်မှာ ဘယ်ဒီလိုစီးလို့ရပါ့မလဲ။ ခရီးတင်သဘောင်္ပြေး ဆွဲမယ်ဆိုရင် စီးနင်းမယ့်ခရီးသည်တိုင်းအတွက် ခရီးတိုဆိုရင် ထိုင်ခုံနေရာထားပေးနိုင်သလောက်သာ တင်ရတယ်။ ညအိပ်ခရီးဆိုရင် အိပ်ခန်းအိပ်စင်ရှိသလောက်သာ တင်ဆောင်ခွင့် ရှိတယ်။ အသက်ကယ်သော၊ အသက်ကယ် အင်္ကျီ၊ အသက်ကယ်ဖောင်၊ အသက်ကယ် လှေ၊ သဘောင်္သားနဲ့ ခရီးသည်များအတွက် အလုံအလောက်ပါရှိရမယ်။ စည်းကမ်းသာ ဒီလိုရှိတယ်။ ကုန်ချိန်ကိုလည်း ဒီလိုပဲ အကန့် အသတ်ရှိတယ်။

အယ် ။ ။ နို့ ကျွန်တော်တို့ဆီကျတော့ ဘာကြောင့် စည်းကမ်းမရှိ တင်နေကြတာလဲ။
သော်။ ။ ကိုလိုနီအမွေဆိုးလို့ ပြောခဲ့ပါပြီကော။ သဘောင်္တစ်စီးထက်မှာ အိပ်စရာနေရာမရှိ၊ ထိုင်စရာ နေရာမရ၊ ကုန်းပတ်ထက်မှာပဲ ဖျာ ကလေး၊ အခင်းကလေးခင်းပြီး လူတွေကို ခြေနင်းဖတ်ပေါ်မှာ ကျွဲနွားတိရစ္ဆာန်တွေလိုတင်တဲ့ သဘောင်္လူတင်စနစ်ကို စူးအက်အရှေ့ ဘက်ပေါ်လစီ (EAST OF SUEZ POLICY) လို့ ခေါ်တယ်။ ကမ္ဘာ့အရှေ့ဖျားကို ကိုလိုနီနယ်ချဲ့အတူ ရောက်လာတဲ့ အရှင်းရှင်သဘောင်္ကုမ္ပဏီကြီး တွေက ကမ္ဘာ့အရှေ့အလယ်ပိုင်းနဲ့ အရှေ့ဖျားမှာ အိန္ဒိယ၊ တရုတ်၊ မလေးရှားစတဲ့ ခရီးသွားတွေတစ်ပြုံကြီးဆီက ပိုက်ဆံကိုလိုချင်တော့ သဘောင်္ပေါ်မှာ ကျွဲနွားတိရစ္ဆာန်တင်သလို တင်ချင်ကြတယ်။ ဒါပေမဲ့ သဘောင်္ကုမ္ပဏီဖြစ်တဲ့ လွိုက်ကုမ္ပဏီက ခွင့်မပြုခဲ့ဘူး။ နောက်မှ အထူးအာမခံကြေးပေးပြီး အေး ... မင်းတို့ခရီးသည်တွေကို တိရစ္ဆာန်စနစ်နဲ့တင်ချင်ရင်တော့ စူးအက်တူးမြောင်းရဲ့ အရှေ့ဖျားဒေသတွေမှာ တင်ပေတော့လို့ ကန့်သတ်ချက်နဲ့ ခွင့်ပြုလိုက်တဲ့စနစ်ပဲဖြစ်တယ်။ အဲဒါကို ကျုပ်တို့အရှေ့တိုင်းသားများက ဟုတ်လှပြီအောက်မေ့ပြီး ကုန်း ပတ်ထက်မှာ ဖျာတချပ်စာ တနေရာစာရရင်ပဲ ကတ္တီပါကောဇောခင်း၊ ကျောက်ကာချိုင့်နဲ့ ထမင်းပါစားပြီး စတိုင်တင်းခဲ့ကြတာပေါ့။ ကိုယ့် ကိုယ်ကို ဘာဖြစ်လို့ဖြစ်မှန်း မသိခဲ့ကြတဲ့လူတွေဖြစ်ခဲ့ရတယ်။

ပင်။ ။ ဟာဗျာ အသည်းနာစရာကောင်းလိုက်တာ။ ကျုပ်တို့ကလည်း ဘာဖြစ်လို့ဖြစ်မှန်း မသိခဲ့ကြပါဘူး။ သူတို့ကိုတောင် ကျေးဇူးတင်ခဲ့ကြပြီး သူတို့ပေးတဲ့ပုံစံအတိုင်း လိုက်ပုံတူကူပြီး ခရီးထွက်နေရတာပဲ ဟုတ်လှပြီအောက်မေ့နေတာ။
သော် ။ ။ အဲ ... အင်္ဂလိပ်က ကျုပ်တို့အရှေ့တိုင်းသားတွေကို ကုန်းပတ်ထက်မှာ ကျွဲနွားတင်သလို တင်ခဲ့ပေမယ့် သူတို့ရဲ့ ဧရာဝတီ ဖလော်တီလာ ကုမ္ပဏီဟာ အိမ်သာကအစ သန့်ရှင်းမှုတော့ အပြည့်ထားခဲ့တယ်ဗျာ။ အင်္ဂလိပ်ဆီက အကျင့်ကောင်းကိုတော့ ရအောင်မယူ နိုင်ခဲ့ကြဘူး။

အယ် ။ ။ ဟုတ်တယ်ဗျာ၊ သဘောင်္အိမ်သာ၊ ရထားအိမ်သာတွေကဖြင့် ညစ်ပတ်တဲ့နေရာမှာ လက်ကျန်မရှိတော့ပါဘူး။
ပင်။ ။ ရထားအိမ်သာတွင်ပဲလား အဲဒါတွေကမှ တော်သေးတာပေါ့။ စည်ပင်သာယာက ဈေးအိမ်သာဆိုတာမျိုးကဖြင့် ခြေချလို့မရအောင် ညစ်ပတ်လှပါသဗျား။

သော် ။ ။ အဲသည် အိမ်သာကိစ္စပေါ့ဗျ။ ကျုပ်က အခုလိုယမကာဝိုင်းမှာ အမှတ်မထင် ရယ်စရာပြောလိုက်တာ၊ မောင်သစ်က မြတ်လေး မဂ္ဂဇင်းမှာသွားရေးလို့ ဒုက္ခများသွားပါပြီကော။
အယ်။ ။ ဘယ်လိုလဲဗျာ၊ လင်းစမ်းပါဦး။

သော်။ ။ ဒီလိုဗျာ၊ ယမကာဝိုင်းမှာ မောင်သစ်ကပြောတယ်။ သူတလောဆီက ထိုင်းနိုင်ငံအနှံ့ ခြေဆန့်ခဲ့သတဲ့။ အဲသည်မှာ မြို့ကြီးပြကြီး မပြောနဲ့ ထိုင်းနိုင်ငံကျေးရွာကလေးများအထိ အိမ်သာမှန်ရင် ရေဆွဲအိမ်သာ၊ ရေလောင်းအိမ်သာချည်းပဲတဲ့။ ညအိပ်အဝေးပြေးဟီးနိုးကား ကြီးတွေပေါ်မှာတောင် အိမ်သာပါတယ်။ အိမ်သာက ရေမွှေးနံ့လေးသင်းနေတယ်။ ဂီတသံလေးလည်း ညင်ညင်သာသာကြားနေရတယ်တဲ့။
ပင် ။ အင်း ... ကျုပ်တို့ဆီကနဲ့များ ကွာပါဘိခြင်း။

သော် ။ ။ အဲဒါကြောင့် ပြောတာပေါ့ဗျာ။ အဲဒီမှာ ကျုပ်ကဝင်ပြောတယ်။ ကျုပ်တို့မြန်မာတွေမှာ အိမ်သာယဉ်ကျေးမှုဘယ်တုန်းကမှ ရှိခဲ့ ဟန်မတူဘူး။ အိမ်သာကို ကျန်းမာသန့်ရှင်းရေးနေရာထက် ရွံ့စရာ၊ အော့နှလုံးနာစရာနေရာလို့ ခုထက်ထိယူဆနေကြသေးတယ်။ ရန်ကုန် မြို့ ဆင်ခြေဖုန်းရပ်ကွက်တွေမှာ ဇလားအိမ်သာတွေ၊ နယ်မှာကျင်းအိမ်သာတွေ၊ ကျေးရွာတွေမှာ တောထိုင်ဓလေ့တွေကို ယနေ့ထိ မဖျောက်နိုင်ကြသေးဘူး။ သန့်ရှင်းရေးလုပ်တဲ့နေရာမှာလည်း အလွယ်တကူတုတ်ခနောင်းလောက်နဲ့ပဲ ကိစ္စပြီးနေကြတယ်။ ကုန်ကုန်ပြော ရရင် မြန်မာရှင်ဘုရင်တောင်မှ အိမ်သာသုံးစက္ကူနဲ့ သန့်ရှင်းရေးလုပ်မသွားခဲ့ဘူး။ ရေလည်းမသုံးဘူး ထင်ပါတယ်။ မန္တလေးနန်းတော်မှာ အိမ်သာဆိုတာကို ကျုပ်တော့မမြင်ခဲ့ဖူးဘူး။ (ဘယ်မြင်ဖူးပါ့မလဲ၊ ကျုပ်သိတတ်တဲ့အရွယ်မှာ မီးလောင်ပြာကျသွားခဲ့ပြီကိုး။) မိလ္လာ သန့်ရှင်း ရေးဝက် (ဝက်တော်) ကို မွေးထားခဲ့ပုံရတယ်လို့ ပြောမိတယ်။
ပင် ။ ။ ယမကာဝိုင်းမှာလား။

သော် ။ ။ ဟုတ်တယ်၊ မိတ္ထီလာတပ်ထဲက ယမကာဝိုင်းမှာ။ အဲသလိုယမကာဝိုင်းမှာပြောတဲ့စကားကို မောင်သစ်က တောစကား တော ပျောက်မထားဘဲ တလေးတစားနဲ့ မြတ်လေးမဂ္ဂဇင်းမှာသွားရေးတော့ စာဖတ်ပရိသတ် က သူ့ကိုဝိုင်းကောကြပေါ့။ တကယ်ဆို ရေးချင်ရင် ရွှေဘုံနိဒါန်းလေး၊ ရွှေကိုင်းသားရဲ့ စာအုပ်ကလေး ဖတ်ကြည့်ပါဦးလား။
အယ် ။ ။ အတော်ဆိုးတဲ့လူပဲဗျာ။ ရေးစရာရှားသလားလို့။

သော် ။ ။ မဟုတ်ဘူးဗျ။ သူက အိမ်သာကို အတော်အရေးထားလေးစားတဲ့လူ။ သူတချိန်က တောတွင်းမှာရှိစဉ် သူတို့ဆရာကြီးများ ပြေးရင်းလွှားရင်းတောင် အိမ်သာကို တယိုစာတူးပြီးသွားရတဲ့အချိန်မှာ ဆရာကြီးအတွက် သီးသန့်ယိုကျင်း၊ ဗဟိုကော်မတီဝင်းများအတွက် သီးသန့်ယိုကျင်း၊ အခြားအဆင့်များအတွက် သီးသန့်ယိုကျင်း၊ သတ်မှတ်ယိုခဲ့ကြလို့ အိမ်သာဗျူရိုကရေစီဆိုပြီး စာတမ်းတစ်စောင် ရေး တင်ခဲ့သေးတယ်။
ပင် ။ ။ တယ်လည်း စာတမ်းပြုစုချင်တဲ့သူပါပဲလား။ အဲသလို စာတမ်းတင်တော့ ဘယ်လိုဖြစ်သလဲ။

သော်။ ။ ဘာဖြစ်ရမလဲ။ သူ့ကို တောထဲကနေ မြို့ကိုပြန်ပြီး ပင့်ကန်ထည့်လိုက်တပေါ့။ ဒါနဲ့သူ မြို့ပေါ် ပြန်ရောက်လာပြီး အိမ်သာသု တေ သနဆက်လုပ်နေတာပဲ။ စာပေဟောပြောပွဲသွားရမှာလည်း ကျွန်တော်တို့ တည်းခိုရမဲ့နေရာ အိမ်သာကောင်းရဲ့လားလို့ အရင်မေးပြီး စိတ် ချရမှ သွားဟောတယ်။ ဒီနေရာမှာတော့ သူနဲ့ကျုပ်က သဘောတူတယ်။ စာပေဟောပြောပွဲဖိတ်တဲ့ မြို့နယ်လူတွေ စားရ သောက်ရတာ ဘာမှအရေးမကြီးပါဘူး။ ဖြစ်သလိုစားလို့ရပါတယ်။ မြို့ခံပုဂ္ဂိုလ်တွေကလည်း စေတနာအပြည့်နဲ့ အကောင်းတွေချည်းကျွေးကြမှာကို ယုံ ကြည်ပါတယ်။ လုံးဝသံသယမဖြစ်ပါဘူး။ ယမကာကတော့ ရှာလို့ ဖွေလို့ ဝယ်လို့ရသမျှပေါ့ဗျာ။ အင်ချင်လည်း အင်မှာပေါ့။ အဲ အိမ်သာ ကိစ္စတော့ ကျွန်တော်တို့က အလေးထားစဉ်းစားရပါတယ်။
အယ် ။ ။ အဲဒီတော့ နယ်မသွားနဲ့ပေါ့ဗျာ။ မဟောနဲ့ပေါ့ဗျာ။

သော်။ ။ အင်း... ခင်ဗျားပြောသလိုတော့ ဟုတ်ပါတယ်။ ဒါပေမဲ့ ကျုပ်တို့မှာ ရန်ကုန်နေပြီး ပရိယေသနဝမ်းစာကလေး ရှာဖွေယက်ကန် စား နေရတာကို တနှစ်မှာ တစ်လနှစ်လလောက် နယ်လှည့်ခရီးသွားရတာနဲ့ပဲ အပန်းဖြေရပါတယ်။ ခရီးသွားရတာ အဆင်ပြေလွန်းလို့ပါ။ ဟော ချင် ပြောချင်လွန်းလှလို့တော့မဟုတ်ပါဘူး။ ဒီနေ့မြန်မာပြည်မှာ ကိုယ့်ဘာသာကိုယ်ခရီးသွားရတာ စိတ်ညစ်စရာကောင်းလှသဗျာ။

ပင်။ ။ စာပေတာဝန်နဲ့ မြို့ခံအစီအစဉ်နဲ့သွားတော့အဆင်ပြေတာပေါ့။
သော် ။ ။ ဒါပေါ့ဗျာ။ အဆင်ပြေတဲ့ ဟိုဘက်လွန်နေလို့ ကိုယ့်ကိုယ်ကိုတောင် ဟုတ်လားချည်လားလို့ အောက်မေ့ယူရတယ်။ တခါက ကား နဲ့ တနေ့လုံးခရီးသွားရတယ်။ လမ်းမှာ စစ်ဆေးရေးဂိတ်တွေ တံတားတွေမှာ တခြားကားတွေ တန်းစီရပ်ပြီး စစ်ဆေးခံရတယ်။ ခရီးသည်တွေ ဆင်းပြေးရတယ်။

အယ် ။ ။ ခင်ဗျားတို့ စာရေးဆရာတွေကော ဆင်းကြရသလား။
သော်။ ။ ဝေလာဝေး၊ ကားမောင်းတဲ့ဒရိုင်ဘာက ခေါင်းပြူထွက်ပြီး ချောကားလို့ အော်ပြောခဲ့တယ်။ သွားစေပဲ ရပ်တောင်မပေးရဘူး။

ပင်။ ။ ကဲ ...ပုလင်းလည်းပြောင်နေပြီ။ ထပ်လိုချင်သေးဗျာ။ ချောဆွဲလို့ ရနိုင်ပါဦးမလား။
သော် ။ ။ အဲဒါတော့ မရနိုင်ဘူးဗျ။ ချောနဲ့အိမ်ပြန်နိုင်ရင်တော့ ပြန်ကြပေဦးတော့ဗျို့။ ပုလင်းတော့ ချောသွားပြီပဲ။

www.shwezinu.com မှ ကူးယူဖော်ပြပါသည်။

Comments