နိုင်ငံရေးအကျှုဉ်းသားဟောင်းများက အကျဉ်းထောင်ထဲမှ နိုင်ငံရေးအကျဉ်းသားများသို့ ၂၀၁၂ နှစ်သစ်နှုတ်ခွန်းဆက်
မိုးမခ၊ ဒီဇင်ဘာ ၃၁၊
၂၀၁၁
ဟံသာဝတီ
ဦးဝင်းတင်၏ နှုတ်ခွန်းဆက်စကား
နိုင်ငံရေးအကျဉ်းသားဆိုတာ
အကြောင်း ၂ ချက် ကြောင့် ထောင်ထဲရောက်တယ်။ နိုင်ငံရေး အယူဝါဒ သဘောတရား
လုပ်ငန်းစဉ်တွေမှာ ယုံကြည်လို့ ထောင်ကျတယ်။ နိုင်ငံရေးဆန့်ကျင်တဲ့ စစ်အစိုးရ
အာဏာရှင်အစိုးရတွေကို မယုံကြည်လို့ ထောင်ကျတယ်။
စစ်အစိုးရတပိုင်း သမ္မတက
ဒီနေ့မြန်မာနိုင်ငံမှာ ယုံကြည်ချက်ကြောင့် ထောင်ကျနေတဲ့ အကျဉ်းသားမရှိဘူးလို့
ဆိုတယ်။ သူစကားမှာ မယုံကြည်ချက်ကြောင့် အကျဉ်းသားရှိတယ် ဆိုရင်လည်း ကျုပ်တို့
ဘယ်လိုမှ မယုံပါဘူး၊ မတုန်ပါဘူး။
သမိုင်းမှာ စာရင်းချုပ်တော့
ကျုပ်တို့ အားလုံးဟာ ယုံကြည်ချက်တွေ၊ မယုံကြည်ချက်တွေ အပထား၊ ကျုပ်တို့ဟာ နိုင်ငံရေးအကျဉ်းသားတွေပါပဲ။
ငါတို့ အားလုံး နိုင်ငံရေးအကျဉ်းသားတွေဟေ့။
နိုင်ငံရေးအကျဉ်းသားတွေကွ။
နိုင်ငံရေးအကျဉ်းသားဆိုတာ ငါတို့ပဲကွ
လို့ ကြုံးဝါးကြ။
Comments