no "Myanmar" in constitution


မြန်မာဘာသာဖြင့် ရေးထားသည့် အခြေခံဥပဒေတွင် Myanmar ဟု သုံးရန် ပြဋ္ဌာန်းထားခြင်း မရှိ
မိုးမခအထောက်တော် အမှတ် ၀၀၇
ဇွန် ၂၉၊ ၂၀၁၂

LONDON, ENGLAND - JUNE 21:  Myanmar opposition leader Aung San Suu Kyi addresses both Houses of Parliament inside Westminster Hall on June 21, 2012 in London, England. The Burmese opposition leader is on a four-day visit to the UK.
ဇွန်လ ၂၁ ရက်နေ့က ဗြိတိသျှပါလီမန်တွင် မိန့်ခွန်းပြောနေသော ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ - Getty Images)

မိုးမခတွင် ယနေ့ ဖော်ပြခဲ့သည့် "တရားဥပဒေ စိုးမိုးရေး" အတွက် Burma ဟု သုံးနှုန်းခြင်း မပြုရန် ဒေါ်စုကို အာဏာပိုင်တို့ ပြောပြီ ဟူသော သတင်းနှင့် ပတ်သက်ပြီး မိုးမခ စာဖတ်သူတစ်ဦးက Facebook တွင် အောက်ပါအတိုင်းေ ထာက်ပြထားသည်။

ဖွဲ.စည်းပုံ အခြေခံဥပဒေ၁၉၄၇။၁၉၇၄။၂၀၀၈ တို့မှာ-အဓိပါယ်၊ သဘော အယူ အဆများ ဖွင့်ဆိုရာတွင် မြန်မာစာဖြင့် ရေးသားထားချက်များ အပေါ်တွင်သာ အခြေပြုရမည်။- ဟုရေးသားထားပါတယ်။

(ဒေါ်)အောင်ဆန်းစုကြည်ကမြန်မာလို မပြောခဲ့သလို သူရည်ညွန်း ပြောဆိုတာကလည်း မြန်မာနိုင်ငံဖြစ်ပါတယ်။...

BURMA လို့ရေးသားထားတဲ့ ငွေစကူမှားဟာလည်း လက်ရှိအချိန်တွင် တရားဝင်သုံးစွဲခွင့်ရှိပါတယ်။
ဂျပန်ဆိုရင်သူတို့နိုင်ငံကို နိပွန်NIPPON လို့သာခေါ်ဆိုပြီးဂျာမနီ ဆိုရင်လည်းဒွိုက်ချလန်လို့သာခေါ်ဆိုပါတယ်။

သံခင်းတမန်ခင်း လုပ်တဲ့အခါမှာProtocol အစီစဉ်အလိုက် အလည့်ကျ လုပ်ဆောင်ရတာဖြစ်ပြီး သူ့ထက်ငါ ဦးအောင် ကြိုးစားလေ့ရှိကြပါတယ်။

B ဟာ Mထက်ပိုရှေ့ကျလို့ Burma လို့ပြောင်းလဲ သုံးစွဲရင် ပိုမို သင်.လျော်မှာဖြစ်ပါကြောင်း။

မိုးမခ စာဖတ်သူ ထောက်ပြထားသည့်အတိုင်း အခြေခံဥပဒေတွင် ယင်းသို့ ဖော်ပြထားသည်ကို တွေ့ရသည်။





Comments