Comedian Apple One Man Show and Program Announce


 ပန်းသီးတကိုယ်တော် ပဒေသာကပွဲကြီး နိုဝင်ဘာ ၅ ကျင်းပမည်
မိုးမခအထောက်တော် (အလုံလမ်း)၊ အောက်တိုဘာ ၃၁၊ ၂၀၁၂
ထင်ရှားသော လူရွှင်တော်တဦးဖြစ်သည့် ပန်းသီး၏ တကိုယ်တော် ဟာသတင်ဆက်မှု နှင့် ပဒေသာကပွဲကြီးကို နိုဝင်ဘာ ရက်နေ့ တွင် ရန်ကုန်မြို့၊ အမျိုးသားကဇာတ်ရုံတွင် ကပြတင်ဆက်မည်ဖြစ်သည်။ ၎င်းကပွဲကြီးတွင် လူရွှင်တော်ပန်းသီးက တနာရီကျော်ကြာ တကိုယ်တော်ဟာသတင်ဆက်မှုနှင့် လူရွင်တော်ကြယ်သီးက သီတာချစ်တဲ့ မင်းဒဿ၊ ရာဝဏဒီလူ အော်ပရာပြဇာတ်ကြီးတို့ကို တင်ဆက်မှာဖြစ်သည်။
အငြိမ့်အစီစဉ်တွင် မန္တလေးလူရွှင်တော် သပြေဂျာအေး၊ စူပါဘဲတော ဂွတ်ရှယ်
နှင့် ပွန်ပွန်ချစ်ချော မင်းသမီး ၀င်းသပြေထွန်း သဲချစ်တို့က ဖျော်ဖြေမည်ဖြစ်သည်။ အငြိမ့်ခွင်တွင် လူရွှင်တော်ပန်းသီးမှ ပန်းစကားဝါ အဖြစ်ကပြမည်ဟု ဆိုသည်။
နှစ်ပါးသဘင်တွင် လူရွင်တော် ဧရာ ဗေဒါ ၊တိုင်းကျော် ၊ပြည်ကျော် ၊၀ိုင်းကျော် ၊တိုးကျော် ။ပိုးလေးတို့ ပါဝင်တင်ဆက်ကြမည်ဖြစ်သည်ဟု သိရသည်။ မြန်မာပြည်ကြီး ငြိမ်းချမ်းရေးကိုရည်မျော်၍ ငြိမ်းချမ်းရေး တေးသရုပ်ဖော်အစီစဉ် ကိုလည်း အထူးတင်ဆက်မည်ဖြစ်သည်။
မြန်မာပြည်အနှံ့ စင်တင်ဇာတ်သဘင်ပွဲများ၊ ပဒေသာကပွဲများ တကျော့ပြန်လာမည် ဖြစ်ပါက မြန်မာပြည်က အလွှာအသီးသီးက အနုပညာရှင်များ၏ သရုပ်ဖော်တင်ဆက်မှုများကို ပြည်သူတို့သည် ၎င်းတို့နေထိုင်ရာ နေရာဒေသအသီးသီးတွင် တိုက်ရိုက် ကြည့်ရှုအားပေးနိုင်ကြမည် ဖြစ်သည်။

Comments