နိုဝင်ဘာ ၂၉၊ ၂၀၁၂
အခု မြင်နေရတာကတော့ မွန်ပြည်နယ် ပေါင်မြို့နယ် တနေရာက ဓာတ်ပုံတွေ ဖြစ်ပါတယ်။
မိုးရွာတာကို တောင်ထန်းရွက်နဲ့ ခုခံကြသူတွေပါ။ တောင်ထန်းရွက် ဆိုတော့လည်း ဟိုဟိုဒီဒီသွားရင်း မေ့ထား၊ ပျောက်သွားမှာကို စိုးရိမ်ဖို့ မလိုတော့ပါ။
ဆေးတံနဲ့၊ ပုဆိုး စလွယ်သိုင်းနဲ့၊ အပြုံးနဲ့၊ သနပ်ခါးနဲ့၊ ခြေဗလာနဲ့ ပြီးတော့ တခါသုံးထီးနဲ့။ |
တခြားဒေသများမှာ အိမ်အမိုး မိုးဖို့ သက်ငယ်၊ ဓနိ တို့ကို အားကိုးကြသလို ဒီဒေသမှာလည်း မိုးမခဖို့အတွက် တောင်ထန်းရွက်ကိုသုံးကြပါတယ်။ တခြားပြည်နယ်တိုင်းတို့ကိုလည်း အိတ်စပို့လုပ်ပါတယ်။
သထုံက ရေအိုးစင်
ရန်ကုန် နဲ့ မိုးမခ
ပဲခူးက ငါးချဉ်
Comments