နေ့ လည်ခင်းများ
ဇေမှိုင်း၊ ဇန်န၀ါရီ ၃၁၊ ၂၀၁၃
မပြောတတ်လို့ မဟုတ်ပါဘူး
ပြောတတ်လို့  ပြောတာပါ
သူငယ်ချင်းက ပြောတယ်
အဲ့လိုမဟုတ်ပါဘူး …
ဒီလိုပါ …
အဲဒီလိုပါ …
နှစ်ကာလများစွာကိစ္စ
ခဏခဏ ကြားနေရ
စာတတ်တွေ ကိုယ်တိုင်က
အလျားလိုက်ကူးနေကြ။
ငိုတတ်တဲ့ကလေး
နို့ ရ
ဆိုပါသော်ကောကွယ်
ငိုတိုင်းသာ ငြိမ်းချမ်းရမယ်ဆိုရင်
မှိုင်း နဲ့ အဘအုန်းမြင့်တို့ 
ငြိမ်းချမ်းရေးမြင်သွားရတာကြာပကောကွယ်။
ညတွေ
စူးစူးနက်နက်မှောင်လွန်း ထိန်လွန်း
တခုပဲ မက်ကြည့်ပါတယ်
ရောင်စုံမီးတွေက
တခြမ်းမှာလင်းပြီး တခြမ်းမှာ
ယမ်းခိုးတွေက
ပိန်းပိတ်နေတယ်။
အဲဒီည
ဖြန်းခနဲ ပါးပေါ်မှာလက်ဝါးရာထင်တယ်
မအိပ်ပါနဲ့ လူကလေးရယ်
မနက်
အပြာရောင်ခရီးစီးနင်းကြမယ်။
Comments